အရိယာ ပြင်ဆင်ရန်

အရိယာဇာတ်အစစ်ဖြစ်သည့် မဂ္ဂဋ္ဌာန် ၄ ယောက်နှင့် ဖလဋ္ဌာန် ၄ ယောက်ကိုဆိုသည်။

သံပေါက်ကဗျာ ပြင်ဆင်ရန်

အရိယာဆိုသည်မှာ-
ဒိ ဝိ သီ ဣ၊ မရှိမှန်စွာ။ မစ္ဆရိယလည်း၊ ထိုနည်းယူပါ။
သောတာပန်များ၊ ပယ်ငြားလေရာ။ တရားငါးပါး၊ မှတ်သားကြလေပါ။
လောဘခေါ်ငြား၊ တရားရာဂါ။ ဒေါသ မောဟ၊ ဓမ္မမှန်စွာ။
နည်းလှ ပါးလှ၊ ဖြစ်ကြသူမှာ။ ခေါ်ဆိုကြ၊ သကဒါဂါမ်ပါ။
ကာမခေါ်ငြား၊ တရားရာဂါ။ ဒေါသတသီး၊ အပြီးမှတ်ပါ။
လုံးဝကင်း၍၊ ရှင်းလင်းသူမှာ။ ခေါ်ဆိုဘိ၊ မှတ်သိ အနာဂါမ်။
ကိလေသာများ၊ တရားဖြာဖြာ။ လုံးစုံကင်းလို့၊ ရှင်းလင်းလေရာ။
ထိုသောသူအား၊ ခေါ်ငြားမှန်စွာ။ ရဟန္တာ ခေါ်ကြမလွဲပါ။ ။

မဂ္ဂဋ္ဌာန် ၄ ယောက် ပြင်ဆင်ရန်

မဂ်ပုဂ္ဂိုလ် လေးယောက်လည်း ခေါ်သည်။

(၁) သောတာပတ္တိ မဂ်ပုဂ္ဂိုလ်၊
(၂) သကဒါဂါမိ မဂ်ပုဂ္ဂိုလ်၊
(၃) အနာဂါမိ မဂ်ပုဂ္ဂိုလ်၊
(၄) အရဟတ္တ မဂ်ပုဂ္ဂိုလ်။

ဖလဋ္ဌာန် ၄ ယောက် ပြင်ဆင်ရန်

ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်ဟူ၏။

(၁) သောတာပတ္တိ ဖလဋ္ဌာန်၊
(၂) သကဒါဂါမိ ဖလဋ္ဌာန်၊
(၃) အနာဂါမိ ဖလဋ္ဌာန်၊
(၄) အရဟတ္တ ဖလဋ္ဌာန်။

အရိယာ အပြား ၄ မျိုး ပြင်ဆင်ရန်

(၁) အာစာရအရိယာ- မြတ်သောအကျင့်ကိုကျင့်သော လူ ရဟန်း တိရစ္ဆာန်၊
(၂) ဒဿန အရိယာ- ဣရိယာပိုထ် ၄-ပါး၌ ကြည်ညိုဖွယ်ရှိသော လူ ရဟန်း တိရစ္ဆာန်၊
(၃) လိင်္ဂအရိယာ- ရဟန်းတော်မြတ်များနှင့် ဝတ်ရုံခြင်းအသွင်အပြင်တူသောပုဂ္ဂိုလ်၊
(၄) ပဋိဝေဓ အရိယာမဂ်တရားဖိုလ်တရားရပြီးသော ဘုရားစသော အရိယာပုဂ္ဂိုလ် ရှစ်ဦး။
[၁]

အရိယာဥစ္စာ ၇-ပါး ပြင်ဆင်ရန်

(၁) သဒ္ဓါ ဓနံ-ရတနာသုံးပါးဂုဏ်တရားနှင့် ကံ ကံ၏အကျိုးများကိုယုံစားခြင်း၊
(၂) သီလ ဓနံ-သီလတည်းဟူသောဥစ္စာ၊
(၃) ဟိရီ ဓနံ- မကောင်းမှု၌ရှက်ခြင်းဥစ္စာ၊
(၄) ဩတ္တပ္ပ ဓနံ- မကောင်းမှု၌ကြောက်ခြင်းဥစ္စာ၊
(၅) သုတ ဓနံ- အကြားအမြင်များခြင်းဥစ္စာ၊
(၆) စာဂ ဓနံ- ပေးစွန့်လှူဒါန်းခြင်းဥစ္စာ၊
(၇) ပညာ ဓနံ- မဂ်ဖိုလ် ပညာဥစ္စာ။
[၂]

အရိယာ ကထာမျိုး ၁၀-ပါး ပြင်ဆင်ရန်

အရိယာပုဂ္ဂိုလ်များ ပြောကြားလေ့ရှိသောစကားမျိုး ၁၀-ပါးဟူ၏။
(၁) အလိုနည်းမှုနှင့်စပ်သောစကား၊
(၂) ရောင့်ရဲလွယ်မှုနှင့်စပ်သော၊
(၃) ဆိပ်ငြိမ်မှုနှင့်စပ်သော၊
(၄) ရှင်လူတို့နှင့် ရောရောစပ်စပ်မဆက်ဆံလိုကြောင်းနှင့်စပ်သော၊
(၅) ဝိပဿနာတရားအားထုတ်ကြိုးစားမှုနှင့်စပ်သော၊
(၆) သီလ နှင့်စပ်သောစကား၊
(၇) သမာဓိ နှင့်စပ်သောစကား၊
(၈) ပညာ နှင့်စပ်သောစကား၊
(၉) မဂ်ဖိုလ်နှင့်စပ်သောစကား၊
(၁၀) ပစ္စဝက္ခဏာဉာဏ်နှင့်စပ်သောစကား။

အရိယာတို့ နှလုံးမသွင်းမပြုလုပ်သောတရား ၈-ပါး ပြင်ဆင်ရန်

(၁) သင်္ခါရတရားစုကို သုခဟုနှလုံးမသွင်းခြင်း၊
(၂) အတ္တဟု နှလုံးမသွင်းခြင်း၊
(၃) မာတုဃာတက၊
(၄) ပိတု ဃာတက၊
(၅) အရဟန္တဃာတက၊
(၆) လောဟိတုပ္ပါဒက၊
(၇) သံဃဘေဒကကံတို့ကို မကျူးလွန်တော့ခြင်း၊
(၈) ဗုဒ္ဓသာသနာတော်မှ တစ်ပါးသောဆရာတို့ကို မရှာမှီးတော့ခြင်း။

အရိယာပုဂ္ဂိုလ် ၉၆-ယောက် ပြင်ဆင်ရန်

(၁) သောတာပန် ၂၄-ယောက်
(၂)သကဒါဂါမ် ၁၂-ယောက်
(၃) အနာဂါမ် ၄၈-ယောက်
(၄) ရဟန္တာ၁၂-ဦး ပေါင်း ၉၆-ယောက်ဖြစ်၏။[၃]

ဣရိယာပုတ် ၄-ပါး ပြင်ဆင်ရန်

(၁) သွားခြင်း
(၂) ထိုင်ခြင်း
(၃) ရပ်ခြင်း
(၄) လျောင်းစက်အိပ်ခြင်း
[၄]

အရိယာ ဖိုလ် ၄-ပါး ပြင်ဆင်ရန်

အရိယာပုဂ္ဂိုလ်တို့သာ နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်သော အရိယာမဂ်၏ အကျိုးဖြစ်သော `ဖိုလ်စိတ် ၄-ပါး´ကိုခေါ်သည်။

အရိယာတို့၏ဂုဏ်ကျေးဇူးတော် ၃၀ ပြင်ဆင်ရန်

အရိယာတို့၏တပည့်တို့၌ မွန်မြတ်သောဂုဏ်ကျေးဇူးတော် ၃၀-တို့နှင့်ပြည့်စုံ၏ဟူလို။
(၁) ကောင်းစွာ ပြေပြစ်နူးညံ့သိမ်မွေ့သော မေတ္တာစိတ်ရှိခြင်း၊
(၂) ဖျက်ဆီးအပ် ဖျောက်အပ် နှိမ်အပ်သော မာနရှိခြင်း၊
(၃) ရတနာသုံးပါး၏ဂုဏ် ကံ ကံ၏အကျိုးကို မတုန်မလှုပ် အမြဲထိုးထွင်း၌ယုံကြည်ခြင်း သဒ္ဓါတရားရှိခြင်း၊
(၄) ရွှင်မြူးသောစိတ်ကိုပြည့်စုံစွာဆုံးမခြင်းရှိ၌ ငြိမ်သက်ချမ်းမြေ့သောသမာပတ်ကို ရခြင်း၊
(၅) မြတ်သောသီလရှိသည်ဖြစ်၍ ကောင်းသောအနံ့ဖြင့် ထုံမွမ်းခြင်း၊
(၆) နတ်လူတို့ ချစ်မြတ်နိုးတတ်ခြင်း၊
(၇) နှစ်သက်အပ်သောသူဟူ၍အာသဝကုန်ပြီးသောသူမြတ်တို့ တောင့်တအပ်ခြင်း၊
(၈) နတ်လူတို့ ရိုသေအပ် ရှိခိုးအပ်ခြင်း၊
(၉) ပညာရှိတို့ချီးမွမ်းအပ်ခြင်း၊
(၁၀) လူ့ပြည်နတ်ပြည်၌ လူနတ် အပေါင်းနှင့် မရောနှောခြင်း၊
(၁၁) အနည်းငယ်သောအပြစ်၌လည်း ဘေးဟုရှုမြင်ခြင်း၊
(၁၂) သမ္ပတ္တိနှင့်ပြည့်စုံသောသူတို့အား မဂ်ဖိုလ်အကျိုးကို ပြီးစေတတ်ခြင်း၊
(၁၃) အလိုရှိတောင့်တသော် များမြတ်သောပစ္စည်းကိုရနိုင်ခြင်း၊
(၁၄) မြဲသောကျောင်းအိပ်ယာနေရာမရှိခြင်း၊
(၁၅) ဈာန်၌ယှဉ်၍ မြတ်သောနေလေ့ရှိခြင်း၊
(၁၆) ထွေးယှက်သောကိလေသာကွန်ယက်ကို ဖျက်ဆီးခြင်း၊
(၁၇) မြတ်သောမဂ်ဖိုလ်တရားကို လျှို့ဝှက်ဖုံးလွှမ်းခြင်း၊
(၁၈) လာလတ္တံ့သောဂတိကို တားမြစ်ခြင်း၊
(၁၉) အပ္ပနာသို့ရောက်သော တရားရှိခြင်း၊
(၂၀) နှိမ့်ချစွာနေခြင်း၊
(၂၁) အပြစ်မရှိသောအသုံး အဆောင်ရှိခြင်း၊
(၂၂) ဂတိတရားမှလွတ်ခြင်း၊
(၂၃) ယုံမှားသင်္ကာမှ ကူးမြောက်ခြင်း၊
(၂၄) ဝိမုတ္တိဈာန်ကို အလိုရှိခြင်း၊
(၂၅) မြင်အပ်သောတရားရှိခြင်း၊
(၂၆) မတုန်မလှုပ်မြဲသည်ဖြစ်၍ ဘေးကိုတားမြစ်စေသောသူတို့၏ မှီခိုရာသို့ရောက်ခြင်း၊
(၂၇) ကောင်းစွာပြတ်အပ်သော အနုသယရှိခြင်း၊
(၂၈) အာသဝေါကုန်ခြင်းသို့ ရောက်ခြင်း၊
(၂၉) ငြိမ်သက်ချမ်းမြေ့သောသမာပတ်၌ များစွာနေလေ့ရှိခြင်း၊
(၃၀) ရဟန်းကျေးဇူးဂုဏ်နှင့် အလုံးစုံပြည့်စုံခြင်း။

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်

  1. ဇာတက အဋ္ဌကထာ။ ဒု-အုပ်။ ၃၈-နှင့် ၂၅၆။
  2. သတ္တင်္ဂုတ္တရ။ ပါ။ ၃၉၈။ သုတ်ပါထေယျ။ ပါ။ ၂၀၈။ ဋ္ဌ။ ၂၂၁။
  3. အဘိဓမ္မာပိဋက ပုဂ္ဂလပညတ်ပါဠိတော်
  4. သုတေသန သရုပ်ပြ အဘိဓာန်ကျမ်း