ဖရန်စီယမ်
ဖရန်စီယမ်သည် အားလုံးသော ဒြပ်စင်များထက် လျှပ်စစ်ဓာတ်မ (electronegative) အနည်းဆုံးဒြပ်စင်ဖြစ်သည်ဟု သိရှိရသည်။ အက်စ်တက်တိုင်း ဒြပ်စင်ပြီးနောက် အရှားပါးဆုံး ဒြပ်စင်ဖြစ်သည်။ သဘာဝတွင် တွေ့ရှိခဲ့သော နောက်ဆုံးဒြပ်စင် ဖြစ်သည်။ Francium သည် ဓာတ်ခွဲခန်း ပြင်ပတွင် အလွန့်အလွန်ရှားပါးစွာ တွေ့ရှိရပြီး၊ ယူရေနီယမ်နှင့် သိုရီယမ် သတ္တုရိုင်းထဲတွင် အိုင်ဆိုတုပ် 223Fr ကိုတွေ့ရှိနိုင်သည်။ ၎င်းဒြပ်စင်ကို ရေဒီယိုဓာတုဗေဒ နည်းပညာများဖြင့်သာ လေ့လာနိုင်သည်။
အသုံးပြုခြင်းပြင်ဆင်
အနည်းငယ် ထုတ်လုပ်နိုင်သော ဖရန်စီယမ်(Francium) ကို အသုံးချနိုင်ရန် နည်းလမ်းတစုံတရာ မရှိသေးပါ။
သဘာဝမှာတွေ့ရှိမှုအခြေအနေပြင်ဆင်
ယူရေနီယမ်တွင်းထွက်များမှ ဖရန်စီရန် ဒြပ်စင်ကို သဘာဝအလျှောက် အလွန်နည်းပါးစွာ တွေ့ရှိရတက်သည်။ သို့သော်လည်း အချိန်းအနည်းငယ်တိုင်းတွင် ကမ္ဘာ့မြေမျက်နှာပြင်၌ ဖရန်စီယမ်(Francium )ဒြပ်စင်သည် ၃၄၀ မှ ၄၅၀ ဂရမ်အထိ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။ ၎င်းဒြပ်စင်သည် ကမ္ဘာအပေါ်ယံမြေလွှာ၌ အက်စ်တက်တိုင်း ဒြပ်စင်ပြီးနောက် အရှားပါးဆုံး ဒြပ်စင်ဖြစ်သည်။
ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများပြင်ဆင်
၎င်းဒြပ်စင်သည် အလွန်မှမတည်မြဲသော ဒြပ်စင်ဖြစ်သည်။ အနည်းငယ်သော ပမာဏမျှပေါ်ပေါက်ပြီးနောက် အခြားဒြပ်စင်များအဖြစ်သို့ အလွန်လျင်မြန်စွာ ပြိုကွဲဖြစ်ပေါ်သွားခြင်းကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ပါ။
ပတ်ဝန်းကျင်သို့သတ်ရောက်မှုများပြင်ဆင်
ဖရန်စီယမ် ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် အလွန်တိုသောကြောင့် ပတ်ဝန်းကျင်သို့ သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။
ကိုးကားပြင်ဆင်
ဤ ဓာတုဗေဒနှင့်ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |