အလူမီနီယမ်

(Aluminium မှ ပြန်ညွှန်းထားသည်)

အလူမီနီယမ် (Aluminium)ဆိုသည်မှာ ဒန်သတ္တုကို ခေါ်ဆိုသည်။ ယခုခေတ် မီးဖိုဆောင်တိုင်း၌ ဒန်သတ္တုဖြင့် ပြုလုပ်သော ပန်းကန်ပြားများ၊ ရေနွေးကရားများ အိုးခွက်များကို အများအပြား သုံးစွဲလေ့ ရှိကြသည်။ ဤသို့ ဒန်သတ္တုကို များစွာ သုံးစွဲကြ ခြင်းမှာ ဤသတ္တုသည် ငွေ ြဖူရောင်ကဲ့သို့ ပြောင်လက်လျက်ရှိခြင်း၊ အလွန်ပေါ့ပါး၍ ခိုင်မာခြင်း၊ အပူလိုက် လွယ်ခြင်း၊ ကြေးညှော် ကင်းစင်ခြင်းနှင့် အလွယ်တကူ တိုက်ချွတ်ဆေးကြောပစ်နိုင်ခြင်း တို့ကြောင့် ဖြစ်သည်။

အလူမီနီယမ်  13Al
Spectral lines of aluminium
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတအလူမီနီယမ်, Al
အသံထွက်UK: /ˌæljʊˈmɪniəm/ ( )
AL-ew-MIN-ee-əm
US: /əˈljmɪnəm/ ( )
ə-LEW-mi-nəm
အခြားအမည်aluminum (US, informal)
အဆင်းsilvery gray metallic
ဒြပ်စင်အလှည့်ကျဇယားရှိ အလူမီနီယမ်
Element 1: ဟိုက်ဒရိုဂျင် (H), Other non-metal
Element 2: ဟီလီယမ် (He), Noble gas
Element 3: လီသီယမ် (Li), Alkali metal
Element 4: ဘယ်ရီလီယမ် (Be), Alkaline earth metal
Element 5: ဘိုရွန် (B), Metalloid
Element 6: ကာဗွန် (C), Other non-metal
Element 7: နိုက်ထရိုဂျင် (N), Other non-metal
Element 8: အောက်ဆီဂျင် (O), Other non-metal
Element 9: ဖလိုရင်း (F), Halogen
Element 10: နီယွန် (Ne), Noble gas
Element 11: ဆိုဒီယမ် (Na), Alkali metal
Element 12: မဂ္ဂနီစီယမ် (Mg), Alkaline earth metal
Element 13: အလူမီနီယမ် (Al), Other metal
Element 14: ဆီလီကွန် (Si), Metalloid
Element 15: ဖော့စဖောရပ် (P), Other non-metal
Element 16: ဆာလဖာ (S), Other non-metal
Element 17: ကလိုရင်း (Cl), Halogen
Element 18: အာဂွန် (Ar), Noble gas
Element 19: ပိုတက်ဆီယမ် (K), Alkali metal
Element 20: ကယ်လဆီယမ် (Ca), Alkaline earth metal
Element 21: စကန္ဒီယမ် (Sc), Transition metal
Element 22: တိုင်‌တေနီယမ် (Ti), Transition metal
Element 23: ဗနေဒီယမ် (V), Transition metal
Element 24: ခရိုမီယမ် (Cr), Transition metal
Element 25: မက်ဂနိစ် (Mn), Transition metal
Element 26: သံ (သတ္တု) (Fe), Transition metal
Element 27: ကိုဘော့ (ဒြပ်စင်) (Co), Transition metal
Element 28: နီကယ် (Ni), Transition metal
Element 29: ကြေးနီ (Cu), Transition metal
Element 30: သွပ် (Zn), Transition metal
Element 31: ဂဲလီယမ် (Ga), Other metal
Element 32: ဂျာမေနီယမ် (Ge), Metalloid
Element 33: စိန်ဖြူ (As), Metalloid
Element 34: ဆီလီနီယမ် (Se), Other non-metal
Element 35: ဘရိုမင်း (Br), Halogen
Element 36: ကရစ်ပတွန် (Kr), Noble gas
Element 37: ရူဘီဒီယမ် (Rb), Alkali metal
Element 38: စထရွန်တီယမ် (Sr), Alkaline earth metal
Element 39: အိတ်တြီယမ် (Y), Transition metal
Element 40: ဇာကိုနီယမ် (Zr), Transition metal
Element 41: နိုင်အိုဘီယမ် (Nb), Transition metal
Element 42: မိုလိပ်ဒီနမ် (Mo), Transition metal
Element 43: တက္ကနက်တီယမ် (Tc), Transition metal
Element 44: ရက်သီနီယမ် (Ru), Transition metal
Element 45: ရိုဒီယမ် (Rh), Transition metal
Element 46: ပယ်လေဒီယမ် (Pd), Transition metal
Element 47: ငွေ (သတ္တု) (Ag), Transition metal
Element 48: ကတ်မီယမ် (Cd), Transition metal
Element 49: အိန္ဒီယမ် (In), Other metal
Element 50: သံဖြူ (Sn), Other metal
Element 51: ခနောက်စိမ်း (Sb), Metalloid
Element 52: တယ်လူရီယမ် (Te), Metalloid
Element 53: အိုင်အိုဒင်း (I), Halogen
Element 54: ဇီနွန် (Xe), Noble gas
Element 55: ဆယ်ဆီယမ် (Cs), Alkali metal
Element 56: ဘေရီယမ် (Ba), Alkaline earth metal
Element 57: လန်သနမ် (La), Lanthanoid
Element 58: ဆယ်ရီယမ် (Ce), Lanthanoid
Element 59: ပရာဆီယိုဒိုင်ယမ် (Pr), Lanthanoid
Element 60: နီယိုဒိုင်မီယမ် (Nd), Lanthanoid
Element 61: ပရိုမီသီယမ် (Pm), Lanthanoid
Element 62: ဆမ္မာရီယမ် (Sm), Lanthanoid
Element 63: ယူရိုပီယမ် (Eu), Lanthanoid
Element 64: ဂါဒိုလီနီယမ် (Gd), Lanthanoid
Element 65: တာဘီယမ် (Tb), Lanthanoid
Element 66: ဒိုင်စပရိုဆီယမ် (Dy), Lanthanoid
Element 67: ဟိုမီယမ် (Ho), Lanthanoid
Element 68: အာဘီယမ် (Er), Lanthanoid
Element 69: ကျူလီယမ် (Tm), Lanthanoid
Element 70: အိတ္တာဘီယမ် (Yb), Lanthanoid
Element 71: လူတက်သီယမ် (Lu), Lanthanoid
Element 72: ဟက်ဖ်နီယမ် (Hf), Transition metal
Element 73: တန်တလမ် (Ta), Transition metal
Element 74: တန်စတင် (W), Transition metal
Element 75: ရီနီယမ် (Re), Transition metal
Element 76: အော့စမီယမ် (Os), Transition metal
Element 77: အိုင်ရီဒီယမ် (Ir), Transition metal
Element 78: ရွှေဖြူ (Pt), Transition metal
Element 79: ရွှေ (Au), Transition metal
Element 80: ပြဒါး (Hg), Transition metal
Element 81: သယ်လီယမ် (Tl), Other metal
Element 82: ခဲ (သတ္တု) (Pb), Other metal
Element 83: ကြွပ် (Bi), Other metal
Element 84: ပိုလိုနီယမ် (Po), Metalloid
Element 85: အက်စ်တက်တိုင်း (At), Halogen
Element 86: ရေဒွန် (Rn), Noble gas
Element 87: ဖရန်စီယမ် (Fr), Alkali metal
Element 88: ရေဒီယမ် (Ra), Alkaline earth metal
Element 89: အက်တီနီယမ် (Ac), Actinoid
Element 90: သိုရီယမ် (Th), Actinoid
Element 91: ပရိုတက်တီနီယမ် (Pa), Actinoid
Element 92: ယူရေနီယမ် (U), Actinoid
Element 93: နပ်ကျူနီယမ် (Np), Actinoid
Element 94: ပလူတိုနီယမ် (Pu), Actinoid
Element 95: အမေရိစီယမ် (Am), Actinoid
Element 96: ကျူရီယမ် (Cm), Actinoid
Element 97: ဘာကီလီယမ် (Bk), Actinoid
Element 98: ကာလီဖိုနီယမ် (Cf), Actinoid
Element 99: အိုင်စ်တိုင်နီယမ် (Es), Actinoid
Element 100: ဖာမီယမ် (Fm), Actinoid
Element 101: မန်ဒယ်လီဗီယမ် (Md), Actinoid
Element 102: နိုဘယ်လီယမ် (No), Actinoid
Element 103: လော်ရန်စီယမ် (Lr), Actinoid
Element 104: ရူသာဖော်ဒီယမ် (Rf), Transition metal
Element 105: ဒပ်ဘ်နီယမ် (Db), Transition metal
Element 106: ဆီဘော်ဂျီယမ် (Sg), Transition metal
Element 107: ဘိုဟ်ရီယမ် (Bh), Transition metal
Element 108: ဟက်စ်စီယမ် (Hs), Transition metal
Element 109: မိုက်ဒ်နီရီယမ် (Mt), Transition metal
Element 110: ဒမ်စတဒ်တီယမ် (Ds), Transition metal
Element 111: ရွန့်ဂန္နီယမ် (Rg), Transition metal
Element 112: ကော့ပါနီဆီယမ် (Cn), Transition metal
Element 113: နီဟိုနီယမ် (Uut)
Element 114: ဖလရိုဗီယမ် (Uuq)
Element 115: မော်စကိုဗီယမ် (Uup)
Element 116: လီဗာမိုရီယမ် (Uuh)
Element 117: တန်နဆီး (Uus)
Element 118: အိုဂန်နက်ဆွန် (Uuo)
B

Al

Ga
မဂ္ဂနီဆီယမ်အလူမီနီယမ်ဆီလီကွန်
အက်တမ် အမှတ်စဉ် (Z)13
အုပ်စုဘလော့group 13 (boron group)
ဒြပ်စင်အလှည့်ကျဇယားperiod 3
ဒြပ်စင် ကဏ္ဍ  post-transition metal, sometimes considered a metalloid
စံ အက်တောမစ် အလေးချိန် (±) (Ar)26.9815385(7)[]
အီလက်ထရွန် ပြုပြင်မှု[Ne] 3s2 3p1
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 3
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်933.47 K ​(660.32 °C, ​1220.58 °F)
အရည်ဆူမှတ်2743 K ​(2470 °C, ​4478 °F)
သိပ်သည်းမှု (အခန်းအပူချိန်)2.70 g/cm3
2.375 g/cm3
ဖျူးရှင်းအပူ10.71 kJ/mol
အငွေ့ပျံခြင်း အပူ284 kJ/mol
မိုလာ အပူအင်အား24.20 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1482 1632 1817 2054 2364 2790
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ+3, +2,[] +1[], −1, −2 ​(an amphoteric oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.61
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 577.5 kJ/mol
2nd: 1816.7 kJ/mol
3rd: 2744.8 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 143 pm
ကိုဗေးလန့်အချင်းဝက်121±4 pm
ဗန်ဒါဝေါ့စ် အချင်းဝက်184 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံface-centered cubic (fcc)
Face-centered cubic crystal structure for အလူမီနီယမ်
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း(rolled) 5000 m/s (at r.t.)
အပူ ပြန့်ကားမှု23.1 µm/(m·K) (at 25 °C)
အပူစီးကူးမှု237 W/(m·K)
လျှပ်စစ် ခုခံမှု28.2 nΩ·m (at 20 °C)
သံလိုက်ဓာတ်paramagnetic[]
သံလိုက် ထိတွေ့နိုင်မှု (χmol)+16.5·10−6 cm3/mol
Young's modulus70 GPa
Shear modulus26 GPa
Bulk modulus76 GPa
ပိုင်ဆွန် အချိုး0.35
Mohs hardness2.75
Vickers hardness160–350 MPa
Brinell hardness160–550 MPa
CAS Number7429-90-5
သမိုင်းကြောင်း
ကြိုတင်ဟောခြင်းအန်တိုနီ လဗွိုင်ဆေယာ[] (၁၇၈၇)
ပထမဆုံး ခွဲထုတ်မှုHans Christian Ørsted[] (၁၈၂၇)
အမည်တပ် ခဲ့Humphry Davy[] (၁၈၀၇)
အတည်ငြိမ်ဆုံး အလူမီနီယမ်၏ အိုင်ဆိုတုပ်များ
iso NA သက်တမ်းဝက် DM DE (MeV) DP
26Al trace 7.17×105 y β+ 1.17 26Mg
ε 26Mg
γ 1.8086
27Al 100% is stable with 14 neutrons
ဝီကီဒေတာတွင် | | ကိုးကား

ပေါ့ပေါ့ပါးပါး ခိုင်မာ၍ ကြေးညှော်ကင်းစင်ခြင်းကြောင့်လည်း မော်တော်ကားစက်ကိရိယာများ၊ အလှပြ ငွေထည်များ၊ အဝေး ကြည့်မှန်ပြောင်း၏ ပြွန်ချောင်းများ၊ အလင်းပြန်ခွက်များ ပြုလုပ်ရာတွင် အသုံးပြုသည်။ ထို့ပြင် ဒန်သတ္တုတွင် လျှပ်စစ်ဓာတ်လိုက်နိုင်သော သတ္တိရှိသည့်ပြင် ကြေးနီကဲ့သို့ နန်းဆွဲယူနိုင်သောကြောင့် ရေအောက်နန်းကြိုးများနှင့် လျှပ်စစ် ကိရိယာများ ပြုလုပ်ရာ၌လည်း အသုံးပြုသည်။ ဤသတ္တုအမှုန့် ကို ဆီဖြင့်ရောပေးသောအခါ ငွေရောင်ကဲ့သို့ တောက်ပသော ဒန်သတ္တုသုတ်ဆေးကိုရသည်။ အရည်ပျော်နေသော သံမဏိ တွင် ဒန်သတ္တု အနည်းငယ်ကို ထည့်ပေးသောအခါ လေခို ပေါက်များ ကင်းစင်သည့် သတ္တုတုံးများကို ရရှိလေသည်။

ဒန်သတ္တုသည် ကမ္ဘာပေါ်တွင် အတွေ့အကြုံရ အများဆုံး သတ္တုများတွင် အပါအဝင်ဖြစ်သော်လည်း ထိုသတ္တု သန့်သန့်ကို သယံဇာတအဖြစ်ဖြင့် မတွေ့ရချေ။ ရွှံ့သည် အလူ မီနီယမ်ဒြဗ်ပေါင်းဖြစ်၍ မြေ တစ်ဧကတွင်ရှိသော ရွှံ့မြေသည် ဒန်သတ္တုတန်နှင့်ချီ၍ ပါသည်။ များသောအားဖြင့် ဤသတ္တုကို အောက်ဆီဂျင်၊ ဟိုက်ဒြိုဂျင်၊ ဆိုဒီယမ်၊ ကလိုရင်း၊ ဆီလီကွန်တို့ဖြင့် ပေါင်းစပ်၍ တွေ့ရှိရ၏။ ရှေးအခါက ဒန်သတ္တုကို ထုတ်ယူရန် စရိတ်မှာ အလွန်ကြီးသောကြောင့် ငွေ ထက်ပင် အဖိုးတန်ခဲ့လေသည်။ ၁၈၈၆ ခုနှစ်တွင် အမေရိကန် နိုင်ငံသား ချားမာတင်ဟောဆိုသူ၏ ကြိုးပန်းချက်ကြောင့် ဒန်သတ္တုကို လျှပ်စစ်ဓာတ်ဖြင့် ထုတ်ယူနိုင်ခဲ့သည်။ ၁၉ရာစုအချိန်မှစ၍ ဒန်သတ္တု၏ တန်ဖိုးမှာ လူတိုင်းသုံးစွဲနိုင် လောက်အောင် ကျဆင်းလာခဲ့လေသည်။

လျှပ်စစ်ဓာတ်ဖြင့် ထုတ်ယူနည်းတွင် ပြင်သစ်နိုင်ငံ လေဗော့ အရပ်မှ ရရှိသော ဗောက်ဆိုက်နှင့် ဂရင်းလန် နိုင်ငံမှ ရရှိသော ကရိုင်အိုလိုက်ကို သုံးသည်။ ဗောက်ဆိုက်ခေါ် သတ္တုရိုင်းမှာ ဒန်သတ္တုအောက်ဆိုက်ဖြစ်၍ ယင်းကို အိုင်ယာလန်ပြည်နှင့် အမေရိကန်နိုင်ငံတို့မှလည်း အမြောက်အမြား ရရှိသည်။ ကရိုင် အိုလိုက် သတ္တုရိုင်းသည် ဆိုဒီယမ်၊ ဒန်သတ္တုဖလိုရိုက် ဖြစ်၍ ယင်းကို ထည့်သွင်း အသုံးပြုရခြင်းမှာ ဗောက်ဆိုက်ကို အရည်ပျော်လွယ်စေရန် ဖြစ်သည်။ ဤသတ္တုရိုင်းနှစ်မျိုးကို အတွင်းပိုင်း အောက်ဘက်၌ သံပြားများခံထားသော ကာဗွန် လုံများတွင်ထည့်၍ လုံပေါ်တွင် ကာဗွန်ချောင်းများကို စုစည်း ပြီးလျှင် ဆွဲထားသည်။ လုံထဲ၌ ရှိသည့် သံပြားကို လျှပ်စစ် ဂျင်နရေတာမှ ကတ်သုတ်ခေါ် ဓာတ်မတိုင်နှင့် ဆက်ပေး၍ ကာဗွန်ကို အနုတ်ခေါ် ဓာတ်ဖိုတိုင်နှင့် ဆက်ပေးပြီးလျှင် လျှပ်စစ်ဓာတ် လွှတ်ပေးသောအခါ သတ္တုရိုင်းသည် အရည် ပျော်သွား၍ ဒန်သတ္တုနှင့် အောက်ဆီဂျင်အဖြစ်သို့ ပြောင်း သွားသည်။ ဒန်သတ္တု အရည်သည် လုံအောက်ပိုင်းသို့ ထိုင်သွား၍ အောက်ဆီဂျင်မှာ ကာဗွန်နှင့် ပေါင်းစပ်ပြီးလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်(CO²)အဖြစ်ဖြင့် လေထဲသို့ ထွက်သွား လေသည်။

ဒန်သတ္တု(အလူမီနီယမ်)ကို မက်ဂနီဇီယမ်နှင့် ရောပေးသောအခါ စက်မှုလုပ်ငန်းများတွင် အလွန်အသုံးဝင်သည့် မက်ဂနေလီယမ် သတ္တုရောကို ရသည်။ ကြေးနီ၊ မန်းဂနိ၊ မက်ဂနီဇီယမ်တို့နှင့် ပေါင်းစပ်ယူသောအခါ ဒျူရေလူမင် သတ္တုရောကို ရသည်။ ဒျူရေလူမင်သည် သံမဏိကဲ့သို့ ခိုင်မာပြီးလျှင် သံမဏိ ထက်ဝက်မျှသာ လေးသဖြင့် လေသင်္ဘောများတွင် ယက်မများ ပြုလုပ်ရန် အသုံးပြုကြသညင်။ ဒျူရေလူမင်ဖြင့် ပြုလုပ်ထား သော ယက်မ တချောင်းသည် ပေ ၃ဝ ပင်ရှည်သော်လည်း လက်ချောင်းငယ် တစ်ချောင်းတည်းဖြင့် ဆောင်ထားနိုင်လောက် အောင် ပေါ့သည်။ ထိုယက်မ၏ အစွန်းတစ်ဖက်တစ်ချက်ကို ထောက်များဖြင့် ထောက်ထားသောအခါ အလယ်၌ လူသုံး ယောက်တက်ထိုင်သော်လည်း ခံနိုင်ရည်ရှိကြောင်းကို တွေ့ ရသည်။ ဒန်သတ္တု၏ ထူးခြားသော ဂုဏ်တစ်ရပ်မှာ အောက်ဆီဂျင်နှင့် ပေါင်းစပ်ရာ၌ အပူမြောက်မြားစွာကို ဖြစ်စေ နိုင်သည့်အချက်ပင် ဖြစ်သည်။ ဤသို့ ပေါင်းစပ်ရာ၌ ပေါင်းစပ် မှုသည် အလွန်လျင်မြန်ရကား စွန့်ထုတ်သော အပူချိန်မှာ []

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Aluminium monoxide
  3. Aluminium iodide
  4. Lide၊ D. R. (2000)။ "Magnetic susceptibility of the elements and inorganic compounds" (PDF)CRC Handbook of Chemistry and Physics (81st ed.)။ CRC Press။ ISBN 0849304814
  5. ၅.၀ ၅.၁ Aluminum။ Los Alamos National Laboratory။ 3 March 2013 တွင် ပြန်စစ်ပြီး။
  6. 13 Aluminium။ Elements.vanderkrogt.net။ 2008-09-12 တွင် ပြန်စစ်ပြီး။
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)