ပယ်လေဒီယမ်

(Palladium မှ ပြန်ညွှန်းထားသည်)

ပယ်လေဒီယမ် (Palladium)ကို ပလက်တီနမ် သတ္ထုအုပ်စု(PGM) တွင် rhodium,(Rd), ruthenium (Ru), osmium,iridium စသည့် သတ္ထုများနှင့် ရောစပ်တွေ့ရှိနိုင်ပြီး အရောင်စိုသော ငွေဖြူရောင် သတ္ထုတစ်မျိုးဖြစ်သည်။ မျက်နှာပြင်မှာ သုံးမြှောင့်ပုံဆောင်ခဲ ပုံစံရှိပြီး သာမန် အပူချိန်တွင် အညှိတက်ခြင်း (oxidation)နှင့် အက်စစ်နှင့် ဓာတ်ပြုခြင်းများအား ကောင်းစွာ ကာကွယ်နိုင်သော ဂုဏ်သတ္တိရှိသည်။ ၎င်းသည် နိုက်ထရစ် အက်စစ်နှင့် ဟိုက်ဒရိုကလိုရစ် အက်စစ်များတွင် ပျော်ဝင်နိုင်ပြီး များသောအားဖြင့် ဒြပ်ပေါင်းပုံစံအဖြစ် တွေ့မြင်နိုင်သည်။ အထူးသဖြင့် ဆားအဖြစ်ဖြင့် ရောနှောစွာ တွေ့မြင်နိုင်ပြီး ထူးခြားသော ဝိသေသတစ်ခုမှာ ဟိုက်ဒရိုဂျင်အား ကောင်းစွာ စုပ်ယူနိုင်ခြင်း ဖြစ်သည်။ ၎င်း၏ပမာဏအရ အကြိမ်ပေါင်း ၉၀၀ကျော်စုပ်ယူထိန်းသိမ်းထားနိုင်သည်။

ပယ်လေဒီယမ်  46Pd
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတပယ်လေဒီယမ်, Pd
အဆင်းsilvery white
ဒြပ်စင်အလှည့်ကျဇယားရှိ ပယ်လေဒီယမ်
Element 1: ဟိုက်ဒရိုဂျင် (H), Other non-metal
Element 2: ဟီလီယမ် (He), Noble gas
Element 3: လီသီယမ် (Li), Alkali metal
Element 4: ဘယ်ရီလီယမ် (Be), Alkaline earth metal
Element 5: ဘိုရွန် (B), Metalloid
Element 6: ကာဗွန် (C), Other non-metal
Element 7: နိုက်ထရိုဂျင် (N), Other non-metal
Element 8: အောက်ဆီဂျင် (O), Other non-metal
Element 9: ဖလိုရင်း (F), Halogen
Element 10: နီယွန် (Ne), Noble gas
Element 11: ဆိုဒီယမ် (Na), Alkali metal
Element 12: မဂ္ဂနီစီယမ် (Mg), Alkaline earth metal
Element 13: အလူမီနီယမ် (Al), Other metal
Element 14: ဆီလီကွန် (Si), Metalloid
Element 15: ဖော့စဖောရပ် (P), Other non-metal
Element 16: ဆာလဖာ (S), Other non-metal
Element 17: ကလိုရင်း (Cl), Halogen
Element 18: အာဂွန် (Ar), Noble gas
Element 19: ပိုတက်ဆီယမ် (K), Alkali metal
Element 20: ကယ်လဆီယမ် (Ca), Alkaline earth metal
Element 21: စကန္ဒီယမ် (Sc), Transition metal
Element 22: တိုင်‌တေနီယမ် (Ti), Transition metal
Element 23: ဗနေဒီယမ် (V), Transition metal
Element 24: ခရိုမီယမ် (Cr), Transition metal
Element 25: မက်ဂနိစ် (Mn), Transition metal
Element 26: သံ (သတ္တု) (Fe), Transition metal
Element 27: ကိုဘော့ (ဒြပ်စင်) (Co), Transition metal
Element 28: နီကယ် (Ni), Transition metal
Element 29: ကြေးနီ (Cu), Transition metal
Element 30: သွပ် (Zn), Transition metal
Element 31: ဂဲလီယမ် (Ga), Other metal
Element 32: ဂျာမေနီယမ် (Ge), Metalloid
Element 33: စိန်ဖြူ (As), Metalloid
Element 34: ဆီလီနီယမ် (Se), Other non-metal
Element 35: ဘရိုမင်း (Br), Halogen
Element 36: ကရစ်ပတွန် (Kr), Noble gas
Element 37: ရူဘီဒီယမ် (Rb), Alkali metal
Element 38: စထရွန်တီယမ် (Sr), Alkaline earth metal
Element 39: အိတ်တြီယမ် (Y), Transition metal
Element 40: ဇာကိုနီယမ် (Zr), Transition metal
Element 41: နိုင်အိုဘီယမ် (Nb), Transition metal
Element 42: မိုလိပ်ဒီနမ် (Mo), Transition metal
Element 43: တက္ကနက်တီယမ် (Tc), Transition metal
Element 44: ရက်သီနီယမ် (Ru), Transition metal
Element 45: ရိုဒီယမ် (Rh), Transition metal
Element 46: ပယ်လေဒီယမ် (Pd), Transition metal
Element 47: ငွေ (သတ္တု) (Ag), Transition metal
Element 48: ကတ်မီယမ် (Cd), Transition metal
Element 49: အိန္ဒီယမ် (In), Other metal
Element 50: သံဖြူ (Sn), Other metal
Element 51: ခနောက်စိမ်း (Sb), Metalloid
Element 52: တယ်လူရီယမ် (Te), Metalloid
Element 53: အိုင်အိုဒင်း (I), Halogen
Element 54: ဇီနွန် (Xe), Noble gas
Element 55: ဆယ်ဆီယမ် (Cs), Alkali metal
Element 56: ဘေရီယမ် (Ba), Alkaline earth metal
Element 57: လန်သနမ် (La), Lanthanoid
Element 58: ဆယ်ရီယမ် (Ce), Lanthanoid
Element 59: ပရာဆီယိုဒိုင်ယမ် (Pr), Lanthanoid
Element 60: နီယိုဒိုင်မီယမ် (Nd), Lanthanoid
Element 61: ပရိုမီသီယမ် (Pm), Lanthanoid
Element 62: ဆမ္မာရီယမ် (Sm), Lanthanoid
Element 63: ယူရိုပီယမ် (Eu), Lanthanoid
Element 64: ဂါဒိုလီနီယမ် (Gd), Lanthanoid
Element 65: တာဘီယမ် (Tb), Lanthanoid
Element 66: ဒိုင်စပရိုဆီယမ် (Dy), Lanthanoid
Element 67: ဟိုမီယမ် (Ho), Lanthanoid
Element 68: အာဘီယမ် (Er), Lanthanoid
Element 69: ကျူလီယမ် (Tm), Lanthanoid
Element 70: အိတ္တာဘီယမ် (Yb), Lanthanoid
Element 71: လူတက်သီယမ် (Lu), Lanthanoid
Element 72: ဟက်ဖ်နီယမ် (Hf), Transition metal
Element 73: တန်တလမ် (Ta), Transition metal
Element 74: တန်စတင် (W), Transition metal
Element 75: ရီနီယမ် (Re), Transition metal
Element 76: အော့စမီယမ် (Os), Transition metal
Element 77: အိုင်ရီဒီယမ် (Ir), Transition metal
Element 78: ရွှေဖြူ (Pt), Transition metal
Element 79: ရွှေ (Au), Transition metal
Element 80: ပြဒါး (Hg), Transition metal
Element 81: သယ်လီယမ် (Tl), Other metal
Element 82: ခဲ (သတ္တု) (Pb), Other metal
Element 83: ကြွပ် (Bi), Other metal
Element 84: ပိုလိုနီယမ် (Po), Metalloid
Element 85: အက်စ်တက်တိုင်း (At), Halogen
Element 86: ရေဒွန် (Rn), Noble gas
Element 87: ဖရန်စီယမ် (Fr), Alkali metal
Element 88: ရေဒီယမ် (Ra), Alkaline earth metal
Element 89: အက်တီနီယမ် (Ac), Actinoid
Element 90: သိုရီယမ် (Th), Actinoid
Element 91: ပရိုတက်တီနီယမ် (Pa), Actinoid
Element 92: ယူရေနီယမ် (U), Actinoid
Element 93: နပ်ကျူနီယမ် (Np), Actinoid
Element 94: ပလူတိုနီယမ် (Pu), Actinoid
Element 95: အမေရိစီယမ် (Am), Actinoid
Element 96: ကျူရီယမ် (Cm), Actinoid
Element 97: ဘာကီလီယမ် (Bk), Actinoid
Element 98: ကာလီဖိုနီယမ် (Cf), Actinoid
Element 99: အိုင်စ်တိုင်နီယမ် (Es), Actinoid
Element 100: ဖာမီယမ် (Fm), Actinoid
Element 101: မန်ဒယ်လီဗီယမ် (Md), Actinoid
Element 102: နိုဘယ်လီယမ် (No), Actinoid
Element 103: လော်ရန်စီယမ် (Lr), Actinoid
Element 104: ရူသာဖော်ဒီယမ် (Rf), Transition metal
Element 105: ဒပ်ဘ်နီယမ် (Db), Transition metal
Element 106: ဆီဘော်ဂျီယမ် (Sg), Transition metal
Element 107: ဘိုဟ်ရီယမ် (Bh), Transition metal
Element 108: ဟက်စ်စီယမ် (Hs), Transition metal
Element 109: မိုက်ဒ်နီရီယမ် (Mt), Transition metal
Element 110: ဒမ်စတဒ်တီယမ် (Ds), Transition metal
Element 111: ရွန့်ဂန္နီယမ် (Rg), Transition metal
Element 112: ကော့ပါနီဆီယမ် (Cn), Transition metal
Element 113: နီဟိုနီယမ် (Uut)
Element 114: ဖလရိုဗီယမ် (Uuq)
Element 115: မော်စကိုဗီယမ် (Uup)
Element 116: လီဗာမိုရီယမ် (Uuh)
Element 117: တန်နဆီး (Uus)
Element 118: အိုဂန်နက်ဆွန် (Uuo)
Ni

Pd

Pt
ရိုဒီယမ်ပယ်လေဒီယမ်ငွေ (သတ္တု)
အက်တမ် အမှတ်စဉ် (Z)46
အုပ်စုဘလော့group 10
ဒြပ်စင်အလှည့်ကျဇယားperiod 5
စံ အက်တောမစ် အလေးချိန် (Ar)
အီလက်ထရွန် ပြုပြင်မှု[Kr] 4d10
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 18
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1828.05 K ​(1554.9 °C, ​2830.82 °F)
အရည်ဆူမှတ်3236 K ​(2963 °C, ​5365 °F)
သိပ်သည်းမှု (အခန်းအပူချိန်)12.023 g/cm3
10.38 g/cm3
ဖျူးရှင်းအပူ16.74 kJ/mol
အငွေ့ပျံခြင်း အပူ358 kJ/mol
မိုလာ အပူအင်အား25.98 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1721 1897 2117 2395 2753 3234
အက်တောမစ် ဂုဏ်အင်များ
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.20
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 804.4 kJ/mol
2nd: 1870 kJ/mol
3rd: 3177 kJ/mol
အက်တောမစ် အချင်းဝက်empirical: 137 pm
ကိုဗေးလန့်အချင်းဝက်139±6 pm
ဗန်ဒါဝေါ့စ် အချင်းဝက်163 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံface-centered cubic (fcc)
Face-centered cubic crystal structure for ပယ်လေဒီယမ်
အသံ၏အမြန်နှုန်း 3070 m/s (at 20 °C)
အပူ ပြန့်ကားမှု11.8 µm/(m·K) (at 25 °C)
အပူစီးကူးမှု71.8 W/(m·K)
လျှပ်စစ် ခုခံမှု105.4 nΩ·m (at 20 °C)
သံလိုက်ဓာတ်paramagnetic[]
သံလိုက် ထိတွေ့နိုင်မှု (χmol)+567.4×10−6 cm3/mol (288 K)[]
Young's modulus121 GPa
Shear modulus44 GPa
Bulk modulus180 GPa
ပိုင်ဆွန် အချိုး0.39
Mohs hardness4.75
Vickers hardness400–600 MPa
Brinell hardness320–610 MPa
CAS Number7440-05-3
သမိုင်းကြောင်း
အမည်တပ်ခြင်းafter asteroid Pallas, itself named after Pallas Athena
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းWilliam Hyde Wollaston (1802)
အတည်ငြိမ်ဆုံး ပယ်လေဒီယမ်၏ အိုင်ဆိုတုပ်များ
iso NA သက်တမ်းဝက် DM DE (MeV) DP
100Pd syn 3.63 d ε 100Rh
γ 0.084, 0.074,
0.126
102Pd 1.02% is stable with 56 neutrons
103Pd syn 16.991 d ε 103Rh
104Pd 11.14% is stable with 58 neutrons
105Pd 22.33% is stable with 59 neutrons
106Pd 27.33% is stable with 60 neutrons
107Pd trace 6.5×106 y β 0.033 107Ag
108Pd 26.46% is stable with 62 neutrons
110Pd 11.72% is stable with 64 neutrons
ဝီကီဒေတာတွင် | | ကိုးကား

အသုံးပြုခြင်း

ပြင်ဆင်ရန်

အညှိတက်ခြင်း (Oxidation) ဖြစ်ခြင်းမှ ကောင်းစွာ ကာကွယ်နိုင်သောကြောင့် ပယ်လေဒီယမ်ကို သတ္ထုစပ်အနေဖြင့် ဗို့အားနည်း လျှပ်စစ်ပစ္စည်းများတွင် လျှပ်ကူပစ္စည်းအနေဖြင့် အသုံးပြုပါသည်။ တန်ဖိုးကြီး လက်ဝတ်ရတနာများ ပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ အထူးသဖြင့် ရွှေဖြူပြုလုပ်ရာတွင် အသုံးပြုပါသည်။ ၎င်းအပြင် ပလက်တီနမ် အစားထိုးပစ္စည်းအနေဖြင့်လည်း အသုံးပြုနိုင်သည်။ လက်ပတ်နာရီ၊ သတ္ထုကွိုင်၊ ဘီးဝင်ရိုးထိန်းများနှင့် သိပ္ပံဆိုင်ရာ ကိရိယာပစ္စည်းများတွင် အလင်းပြန်ပစ္စည်း အဖြစ် ပယ်လေဒီယမ်ကို အသုံးပြုကြသည်။ ၁၉၉၀ ပြည့်နှစ်များက ပလက်တီနမ်ကို စွမ်းအင်နည်းပညာများတွင် အဓိက ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုခဲ့ကြသော်လည်း ယနေ့အချိန်တွင် ပယ်လေဒီယမ်၏ ပလက်တီနမ်ထက် အားသာသော ဂုဏ်သတ္တများပါရှိခြင်းကြောင့် ၎င်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီဖြစ်သည်။ သို့သော်လည်း ပလက်တီနမ်မှာ အရေးကြီးသော အခန်းကဏ္ဍမှ ဦးဆောင်နေဆဲပင် ဖြစ်သည်။ ယနေ့ခေတ်တွင် တယ်လီဗေးရှင်း၊ ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများတွင် လျှပ်စစ်ပစ္စည်း (capacitors) အနေဖြင့် တစ်နှစ်လျှင် ဘီလီယံ ၄၀၀ကျော် အထိ ထုတ်လုပ်လျက်ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမိုကျယ်ပြန့်စွာ အသုံးပြူလာကြသည်ကို တွေ့ရှိရသည်။ ၎င်းအပြင် ဆေးဘက်ဆိုင်ရာများတွင် သွားတုများအဖြစ် ရွှေ၊ ငွေ၊ ကြေးတို့နှင့် ရောစပ် အသုံးပြုကြသည်။

သဘာဝတွင် တွေ့ရှိရမှုအခြေအနေ

ပြင်ဆင်ရန်

သဘာဝတွင် ပယ်လေဒီယမ်ကို သီးသန့်အနေဖြင့် ၎င်းပယ်လေဒီယမ်ပါဝင်မှု ပေါကြွယ်ဝသော သတ္ထုများထွက်ရှိရာ ဘရာဇီးလ်နိုင်မှ ထုတ်ယူရရှိနိုင်သည်။ သို့သော် ၎င်းကို နီကယ်လ် ဒြပ်စင်အား ခွဲထုတ်ခြင်းဖြင့်သာ ရရှိနိုင်သည်။ ဩစတြေးလျ၊ ဘရာဇီးလ်၊ ရုရှား၊ အီသီယိုးပီးယား၊ တောင်အမေရိကနှင့် မြောက်အမေရိက တို့တွင် ပလက်တီနမ် သတ္ထုအုပ်စုများနှင့်အတူ တူးဖော်ရရှိနိုင်ပြီး ကနေဒါနှင့် တောင်အာဖရိက နိုင်ငံများတွင် နီကယ်၊ ကြေးနီတို့နှင့်အတူ တူးဖော်ရရှိနိုင်သည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ပြင်ဆင်ရန်

ပယ်လေဒီယမ်ကို အဆင့်နိမ့်အဆိပ် ဖြစ်စေနိုင်သော သတ္ထုအဖြစ် သတ်မှတ်နိုင်ပြီး မျက်စေ့၊ အရေပြားတို့ကို ယားယံကျိန်းစပ်စေနိုင်သည်။ ပယ်လေဒီးယမ်အရည်မှာ အရေပြားကို လောင်ကျွမ်းစေနိုင်သောကြောင့် ကိုင်တွယ်ရာတွင် သတိပြုကိုင်တွယ်သင့်ပါသည်။ အကယ်၍ မျက်လုံး၊ မျက်နှာကဲ့သို့ နုးညံ့သော ကိုယ်အင်္ဂါများနှင့် ထိတွေ့မိလျှင် ရေများများနှင့် ဆေးကြောပစ်ရန် လိုအပ်ပါသည်။ ပယ်လေဒီယမ်ဒြပ်ပေါင်းများ အားလုံးသည် အဆင်မြင့် အဆိပ်များ ဖြစ်သောကြောင့် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သည်။ ပယ်လေဒီယမ် ကလိုရိုဒ်အား သောက်မိခြင်း၊ အရေပြားနှင့် ထိမိခြင်းနှင့် ရှူရှိက်မိခြင်းများ ပြုလုပ်မိပါက ရိုးတွင်းခြင်ဆီ ပျက်စီးစေနိုင်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်ခြင်း စသော ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်းကို လက်တွေ့ခန်းတွင် တိရစ္ဆာန်များဖြင့် စမ်းသပ်ခြင်းဖြင့် ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ပယ်လေဒီယမ် ကလိုရိုက်ကို ပမာဏအနည်းငယ် ဖြစ်သော ဝ.၀၆၅ ဂရမ်ခန့်ကို နေ့စဉ် သောက်ပေးပါက တီဘီရောဂါကို ကာကွယ် နိုင်သည်။

ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ

ပြင်ဆင်ရန်

ပယ်လေဒီယမ်သည် ကန့်သတ် ပစ္စည်း အမျိုးအစားဖြစ်သောကြောင့် ခွင့်ပြုချက် တစ်စုံတရာမရှိပဲ ထုတ်လုပ်ခွင့်မပြုပါ။ အချို့သောမြေဆီလွှာ အမျိုးအစားများတွင် ပမာဏအနည်းငယ်ကို တွေ့ရှိနိုင်ပြီး သစ်ရွက်များတွင်လည်း ပမာဏ အနည်းငယ်ကို တွေ့မြင်နိုင်သည်။ လေ့လာစမ်းသမ်းချက်များအရ အပင်များ၏ ကြီးထွားမှုနှုန်းသည် ပယ်လေဒီယမ် ဆား (၃ppm) နှင့်အထက် လိုအပ်သော်လည်း ရေဓာတ်ပါဝင်မှုများသော water hyacinth ကဲ့သို့ အပင်မျိုးစိတ်များမှာ ခံနိုင်ရည်မရှိပဲ သေဆုံးသွားသည်ကို လေ့လာတွေ့ရှိရသည်။

  1. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  2. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4