အရှေ့နီးပါးအပိတ်နီးပါးအဝိုင်းသရ

အရှေ့နီးပါးအပိတ်နီးပါးအဝိုင်းသရ (အင်္ဂလိပ်: near-close front rounded vowel, or near-high front rounded vowel) သည် သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨ʏ⟩ သင်္ကေတဖြင့်ပြ၍ X-SAMPA ပုံစံဖြင့် Y ဖြစ်သည်။

near-close near-front rounded vowel
ʏ
IPA Number320
Encoding
Entity (decimal)ʏ
Unicode (hex)U+028F
X-SAMPAY
Braille⠔ (braille pattern dots-35)⠽ (braille pattern dots-13456)

နိုင်ငံတကာသဒ္ဒဗေဒအသင်း၏ လက်စွဲစာအုပ်တွင် [ʏ] အက္ခရာကို အလယ်တစ်ဝက် (mid-centralized) ၊ အရှေ့နီးပါး (close front) ၊ နှုတ်ခမ်းဝိုင်းကာ ရွတ်ဆိုရသော သရဟူ၍ အဓိပ္ပာယ်ဖွင့်ပြီး လက်ရှိ ဤအက္ခရာ ⟨ʏ⟩ ၏ တရားဝင်အမည်မှာ near-close near-front rounded vowel (အရှေ့နီးပါးအပိတ်နီးပါးအဝိုင်းသရ) ဖြစ်သည်။[] သို့သော် ဒန်းညာ ဂျုံးဇ် နှင့် ဂျွန် စီ. ဝဲလ်စ် တို့ တီထွင်ထားသည့် အခြေခံသရများနှင့် ပတ်သက်၍ အသံပိုင်းဆိုင်ရာ လေ့လာစိစစ်ချက်များက "အရှေ့ အဝိုင်း အခြေခံသရများအားလုံးသည် အသံထုတ်လုပ်မှုအရ အရှေ့နီးပါး (အရှေ့-အလယ်) များဖြစ်ကြသည်ဟု ဆိုထား၏ ။ ဤ၌ [y] အက္ခရာသာမက [[[:တမ်းပလိတ်:IPAplink]], တမ်းပလိတ်:IPAplink, တမ်းပလိတ်:IPAplink]များကိုပါ ဆိုလိုသည်။ ထို့ကြောင့် [ʏ]သည် အခြေခံသရ [y] ([y˕]တို့အောက် နှိမ့်ထားသော သရတစ်ခုဖြစ်နိုင်ပြီး အခြေခံသရ [y] နှင့် အခြေခံသရ [ø] တို့ကြား၌ တည်ရှိသည်။[] အသံသည် မြန်မာစကား၏ (အစ်) အသံနှင့် ဆင်တူသည်။

အင်္ဂါရပ်

ပြင်ဆင်ရန်
  • ယခုဖော်ပြပါ [ʏ] (အစ်) သရ၌ လျှာသည် ခံတွင်း၌ အပိတ်နီးပါးရှိရ၍ အပိတ်သံ အထိ မရှိရပေ။
  • လျှာ၏ ရှေ့နောက် အနေအထား၌ လျှာသည် ခံတွင်း၏ အရှေ့ဘက်သို့ ရောက်ရှိနေသည်။ သို့သော် ဗျည်းသံဖြစ်ပေါ်သည်အထိ ပိတ်ဆို့လိုက်ခြင်းမပြုရချေ။ အရှေ့အဝိုင်းသရများသည် အများအားဖြင့် အလယ် (သို့) အရှေ့နီးပါးသရများ ဖြစ်လေ့ရှိကြသည်။
  • အဝိုင်းသရဟူ၍ ခေါ်ဆိုရာ၌ နှုတ်ခမ်းကို ဝိုင်း၍ ချပ်ကာ (compressed) ထွက်ရှိသည်။ နှုတ်လမ်းသားအစွန်းများသည် တင်းတင်းရင်းရင်းဖြင့် ဆွဲယူ၍ ချပ်ချပ်ကပ်ကပ်ပုံစံဖြစ်ကာ နှုတ်ခမ်း၏ အတွင်းသားများ မပေါ်လွင်စေရပါ။