အနောက်တစ်ဝက်ပိတ်အဝိုင်းသရ
အနောက်တစ်ဝက်ပိတ်အဝိုင်းသရ (အင်္ဂလိပ်: close-mid back rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨o⟩ အဖြစ်ပြဆိုသည်။
close-mid back rounded vowel | |
---|---|
o | |
IPA Number | 307 |
Encoding | |
Entity (decimal) | o |
Unicode (hex) | U+006F |
X-SAMPA | o |
Braille |
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
ဤသရသည် မြန်မာသရသန့်သန့် (၇) ခုထဲမှ တစ်ခုဖြစ်၍ အို-သရ ဟု ခေါ်ဆိုသည်။ မြန်မာစကားရှိ အနောက်တစ်ဝက်ပိတ်အဝိုင်းသရသည် အခြေခံသရများပါ အနောက်တစ်ဝက်ပိတ်သရထက် လျှာအနေအထား အနည်းငယ်ပို၍ နိမ့်သည်။[၁]
အနောက်တစ်ဝက်ပိတ်ဆူဝိုင်းသရ
ပြင်ဆင်ရန်အနောက်တစ်ဝက်ပိတ်ဆူဝိုင်းသရ သည် အနောက်တစ်ဝက်ပိတ်အဝိုင်းသရ၏ အသုံးအများဆုံးမူကွဲသရဖြစ်၍ သဒ္ဒဗေဒအက္ခရာသုံး၍ ⟨o⟩ အဖြစ် ရှင်းလင်းစွာရေးသားဖော်ပြနိုင်သည်။ သဒ္ဒဗေဒအက္ခရာတွင် နှုတ်ခမ်းဆူခြင်းကို သတ်မှတ်ထားခြင်းမရှိသောကြောင့် နှုတ်ခမ်းပိုင်းအတွက် ရှေးယခင် သင်္ကေတ ⟨ ̫⟩ ကိုသုံး၍ သင့်တော်သလို ⟨o̫⟩ ဟူ၍ ရေးသားနိုင်သည်။ အခြားရေးသားနိုင်သည့်ပုံစံများမှာ ⟨oʷ⟩ (သို့) ⟨ɤʷ⟩ ဖြစ်သော်လည်း သရတွဲသံအဖြစ် မှားယွင်းဖတ်မိနိုင်ပေသည်။
အင်္ဂါရပ်များ
ပြင်ဆင်ရန်- တစ်ဝက်ပိတ်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထာအရး တစ်ဝက်သရထက် အပေါ်သို့ရောက်ရှိကာ အပိတ်နီးပါးသရ၏ အောက်ဘက်၌တည်ရှိသည်။
- သရ၏ ရှေ့နောက်သဘောအရ အနောက်သရအမျိုးအစားဖြစ်ရာ လျှာသည် ပါးစပ်၏ အနောက်တွင်တည်ရှိကာ ပိတ်ဆို့၍ ဗျည်းသံထွက်သည်အထိမဟုတ်ပေ။ အနောက်အပြန့်သရများသည် အလယ်သရဖက်သို့ တိမ်းတတ်၏ ။ ဆိုလိုသည်မှာ များမကြာခဏဆိုသလို ၎င်းတို့ကို အနောက်နီးပါးသရဟု ပြောလိုရင်းဖြစ်သည်။
- အဝိုင်းသရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို (ဆူ)ဝိုင်း၍ ထွက်ရှိကြသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ထွန်းမြင့် (M.Phil, London) (မတ် ၂၀၀၇)။ သဒ္ဒဗေဒ။ ရာပြည့်စာအုပ်တိုက်။ pp. ၁၂၈-၁၂၉။