အရှေ့အဖွင့်အဝိုင်းသရ

(Open front rounded vowel မှ ပြန်ညွှန်းထားသည်)

အရှေ့အဖွင့်အဝိုင်းသရ (အင်္ဂလိပ်: open front rounded vowel) သည် သရသံအမျိုးအစားတစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ မည်သည့်အပြောဘာသာစကား၏ သံရင်းဖြစ်သည်ဟု အတည်မပြုထားခြင်း မရှိသေးပေ။ ဤသရသံကို နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨ɶ⟩ ဖြင့်ပြဆို၍ စကားသံအကဲဖြတ်နည်းလမ်းများဆိုင်ရာ ထပ်တိုးသဒ္ဒဗေဒအက္ခရာ (X-SAMPA) တွင် & ဖြစ်သည်။ အက္ခရာ ⟨ɶ⟩ သည် ⟨Œ⟩ ၏ အက္ခရာဖလှယ်ပုံစံ အသေးစကားလုံးဖြစ်၏ ။ ဤတွဲဆက်စကားလုံး၏ အသေးစာလုံးတစ်မျိုးဖြစ်သည့် ⟨œ⟩ ကို အရှေ့တစ်ဝက်ဖွင့်အဝိုင်းသရအတွက် အသုံးပြုသည်။

open front rounded vowel
ɶ
IPA Number312
Encoding
Entity (decimal)ɶ
Unicode (hex)U+0276
X-SAMPA&
Braille⠔ (braille pattern dots-35)⠪ (braille pattern dots-246)

သဒ္ဒဗေဒဇယား (သို့) အိုင်ပီအေဇယားတွင် ဤသရသံကို အပြည့်ဖွင့်/ပွင့်သည့် သရ၊ [a] ၏ တန်ဖိုးညီ အဝိုင်းသရအဖြစ် သတ်မှတ်ထည့်သွင်းထားသည်။ Ladefoged က ဤသရသံကို အဖွင့်နီးပါးအဖြစ်သာ ခွဲခြားသတ်မှတ်ထား၍ [æ] ၏ ယှဉ်ဖက် အဝိုင်းသရဟု အနက်ပေးသည်။

ဘာဗာရီးယန်း(Bavarian) (စကား)၏ အမ်စ်တက်တန်ဒေသယိစကား (Amstetten) တွင် ယေဘုယျအားဖြင့် ဤသင်္ကေတကို အသံဖလှယ်ထားသည့် သံရင်းတစ်ခုရှိသည်ဟုသိရသည်။ သို့သော် ၎င်းမှာ သဒ္ဒဗေဒနည်းအရ တစ်ဝက်ဖွင့်(သရအမျိုးအစား) [œ] သာဖြစ်သည်။[၁]

ဝီးယာတ်လင်ဘားဂစ်ရှ် (Weert Limburgish) စကား[၂]တွင်လည်း သံရင်းမျိုးကွဲအရ ဤသရသံတည်ရှိနေပြီး ဒိန်းမတ်ဘာသာစကား၊[၃] ဆွီဒင်ဘာသာစကား[၄]တို့၏ ပြောဆိုသူအချို့တို့တွင်လည်း အလားတူမျိုးရှိကြသည်။ ဒိန်းမတ်ဘာသာစကား၏ အချို့အသံဖလှယ်မှုများတွင် အရှေ့တစ်ဝက်ဖွင့်အဝိုင်းသရ [œ] ကို ရည်ညွှန်းရန် ⟨ɶ⟩ သင်္ကေတကိုအသုံးပြုသည်။[၃]

အင်္ဂါရပ်များ ပြင်ဆင်ရန်

  • အဖွင့်သရဆိုရာ၌ လျှာသည် နိမ့်သောနေရာ၊ တစ်နည်း အာခေါင်မှ ဝေးသောနေရာတွင်ရှိသည်။
  • အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။
  • အဝိုင်းအပြန့်သဘော၌ နှုတ်ခမ်းကို ဝိုင်း၍ ထွက်ရှိသည်။ ပုံမှန်နှုတ်ခမ်းအနေအထား (သို့) ဖြန့်သောအနေအထားဖြင့် ထွက်ရှိခြင်းမပြုရပေ။

ကိုးကား ပြင်ဆင်ရန်