အနောက်တစ်ဝက်ဖွင့်အဝိုင်းသရ

(Open-mid back rounded vowel မှ ပြန်ညွှန်းထားသည်)

အနောက်တစ်ဝက်ဖွင့်အဝိုင်းသရ (အင်္ဂလိပ်: open-mid back rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ɔ⟩ အဖြစ်ပြဆိုသည်။ အက္ခရာ စီ (c) ကိုပြောင်းပြန်ရေးသည့်သဘောဖြစ်ပြီး ဤသင်္ကေတရော အသံကိုပါ "open-o" ဟု ပုံမှန်အားဖြင့် ခေါ်ဆိုလေ့ရှိသည်။ "open-o" (အပွင့်-အို) ဟူသောအမည်မှာ ၎င်းသည် အနောက်တစ်ဝက်ပိတ်အဝိုင်းသရo⟩ နှင့်ဆင်တူသောကြောင့်ဖြစ်ပြီး ဤသရသံသည် ပို၍ ပွင့်/ဖွင့်၍ ထွက်ရှိရသည်။ ထို့ကြောင့် အက္ခရာ o ၏ ပုံသဏ္ဌာန်တွင် လုံးပြည့်ပိတ်နေရာမှ တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားလိုက်သောကြောင့် ဖွင့်လိုက်သည့် သဘောဖြစ်၏ ။

open-mid back rounded vowel
ɔ
IPA Number306
Encoding
Entity (decimal)ɔ
Unicode (hex)U+0254
X-SAMPAO
Braille⠣ (braille pattern dots-126)

အင်္ဂလိပ်ဘာသာစကား၌ ဤသင်္ကေတ ⟨ɔ⟩ (သို့ ⟨ɔː⟩) သည် "thought" တွင်ပါရှိသည့် သရသံနှင့် များသောအားဖြင့် တူညီဆက်စပ်မှုရှိသည်။ သို့သော် ဗြိတိသျှအများလက်ခံအသံထွက် (RP-စံအသံထွက်) ၊ ဩစတေးလျအင်္ဂလိပ်၊ နယူးဇီလန်အင်္ဂလိပ်၊ တောင်အာဖရိကအင်္ဂလိပ်တို့၌ ဤသရကို ထွက်ရှိရာ၌ အခြေခံသရ [ɔ] ထက် နှုတ်ခမ်းကို ပို၍ဝိုင်းပြီး လျှာသည်လည်း အထက်သို့ပိုရောက်ရှိနေသည် (ဆိုလိုသည်မှာ တစ်ဝက်ပိတ် [] (သို့) ၎င်းထက်နိမ့်သည့်တစ်ခုခုကဲ့သို့ထွက်ရှိ)။ တစ်ဝက်ဖွင့် [ɔː](သို့) လုံးဝအဖွင့် [ɒː] အသံများထွက်ရှိခြင်းကို မြောက်အမေရိကအင်္ဂလိပ်စကား (ဤသရသည် "bra" စကားလုံးပါ အနောက်အဖွင့်အပြန့်သရသံနှင့် များသောအားဖြင့် ခွဲခြား၍မရနိုင်)၊ စကော့အင်္ဂလိပ်၊ အင်္ဂလန်မြောက်ပိုင်းအင်္ဂလိပ်၊ အိုင်းရစ်အင်္ဂလိပ်၊ ဝေလအင်္ဂလိပ်စကားများတွင် တွေ့ရှိရသည်။ သို့သော် နောက်ဆုံးဖော်ပြထားသည့် စကားသုံးခုတွင် [] သံကဲ့သို့ အသံများထွက်ကြောင်း တွေ့ရ၏ ။ အာပီ (RP) ခေါ် ဗြိတိသျှအများလက်ခံအသံထွက်၌ တစ်ဝက်ဖွင့်အသံထွက်ရှိခြင်း /ɔː/ သည် ၁၉၃၀ နှစ်များဆီကစ၍ ခေတ်ကုန်သွားကာ မထွက်ရှိတော့ပေ။ ထိုသရသံမျိုးကိုထွက်ရှိခြင်းသည် မူလ(အင်္ဂလိပ်)စကားပြောသူမဟုတ်သောသူများက အာပီအသံရရှိစေရန် ရည်ရွယ်ထွက်ရှိမှုသဘောသာ ဖြစ်ဖွယ်ရှိသည်။[၁][၂][၃][၄]

အာပီအသံထွက်နှင့် ဩစတေးလျအင်္ဂလိပ်တို့တွင် အနောက်တစ်ဝက်ဖွင့်အဝိုင်းသရသည် တမ်းပလိတ်:Sc2 မှ /ɒ/ ၏ သံရင်းမျိုးကွဲ သရသံ အဖြစ်တည်ရှိသည်။ ထို့ကြောင့်ပင် /ɔː/ နှင့် /ɒ/ ကြား ကွဲပြားမှုကို သိသိသာသာ (ထိန်းသိမ်း၍) ထွက်ဆိုကြသည်။ ပထမသရသံ /ɔː/ ကို တစ်ဝက်ပိတ် [] အဖြစ်၊ ဒုတိယသရသံ /ɒ/ ကို တစ်ဝက်ဖွင့် [ɔ] အဖြစ် ထွက်ရှိကြ၏ ။ ဂျာမန်၊ အီတလျံ၊ ပေါ်တူဂီစကားတို့၌တွေ့ရသော /o/ နှင့် /ɔ/ ကြား ကွဲပြားမှုသည်လည်း အထက်ပါအတိုင်းအလားတူဖြစ်သည်။[၁][၂][၅]

အနောက်တစ်ဝက်ဖွင့်အဝိုင်းသရကို မြန်မာဘာသာစကား၌ အော်-သရ ဟုခေါ်ဆိုနိုင်သည်။ မြန်မာစကားရှိ ဤသရသည် အခြေခံသရ [ɔ] ထက် လျှာသည် အနည်းငယ်ပိုမြင့်သည်။[၆][၇]

အင်္ဂါရပ်များ ပြင်ဆင်ရန်

  • တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အနောက်သရအမျိုးအစားဖြစ်ရာ လျှာသည် ပါးစပ်၏ အနောက်တွင်တည်ရှိကာ ပိတ်ဆို့၍ ဗျည်းသံထွက်သည်အထိမဟုတ်ပေ။ အနောက်အပြန့်သရများသည် အလယ်သရဖက်သို့ တိမ်းတတ်၏ ။ ဆိုလိုသည်မှာ များမကြာခဏဆိုသလို ၎င်းတို့ကို အနောက်နီးပါးသရဟု ပြောလိုရင်းဖြစ်သည်။
  • သရ၏ အဝိုင်း၊ အပြန့်သဘောမှာ အဝိုင်းသရဖြစ်သည်။ နှုတ်ခမ်းဘေးထောင့်များကို အတူတကွ ဆွဲစိ၍ထွက်ရှိကာ နှုတ်ခမ်းသားအတွင်းပိုင်းကို မြင်ရ၏ ။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Harrington, Cox & Evans (1997)
  2. ၂.၀ ၂.၁ Geoff Lindsey (2012) Morgen — a suitable case for treatment, Speech Talk
  3. Roach (2004:242)
  4. Wells (1982)
  5. Wikström (2013:45), "It seems to be the case that younger RP or near-RP speakers typically use a closer quality, possibly approaching Cardinal 6 considering that the quality appears to be roughly intermediate between that used by older speakers for the LOT vowel and that used for the THOUGHT vowel, while older speakers use a more open quality, between Cardinal Vowels 13 and 6."
  6. L. E. Armstrong and Pe Maung Tin (1925)။ A Burmese Phonetic Reader: With English translation။ The London Phonetic Readers။ London: University of London Press။
  7. ထွန်းမြင့် (M.Phil, London) (မတ် ၂၀၀၇)။ သဒ္ဒဗေဒ။ ရာပြည့်စာအုပ်တိုက်။ p. ၁၂၈။