အပိတ်သရ

(Close vowel မှ ပြန်ညွှန်းထားသည်)

အပိတ်သရ (အင်္ဂလိပ်: close vowel)ကို အမေရိကန်ဝေါဟာရဖြင့် အမြင့်သရ (အင်္ဂလိပ်: high vowel[၁])) ဟူ၍ ခေါ်တွင်ကာ ဤသရသည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤအပိတ်သရနှင့်ပတ်သက်သော အရည်အသွေးကို ဤသို့ဖွင့်ဆိုသည်။ "လျှာသည် ခံတွင်းအမိုး (အာခေါင်) နှင့် အနီးကပ်ဆုံးတွင်ရှိရ၍ ထွက်လာသည့်လေကို ကန့်သတ်ခြင်းမရှိရပေ။" ထိုသို့ လေကိုကန့်သတ်လိုက်ခြင်းသည် ဗျည်းအဖြစ် အမျိုးအစားသတ်မှတ်နိုင်သော အသံကို ဖြစ်ပေါ်စေမည်ဖြစ်၏။

close (အပိတ်) ဆိုသည့်ဝေါဟာရကို နိုင်ငံတကာသဒ္ဒဗေဒအသင်းက အသုံးပြုရန် လမ်းညွှန်ထားကာ အမေရိကန်တို့၏ သဒ္ဒဗေဒအစဉ်ဆက်သဘောအရ high (အမြင့်) သရဟူ၍ ရည်ညွှန်းကြသည်။ အဘယ်ကြောင့်ဆိုသော် လျှာသည် အသံထွက်ရှိနေစဉ် မြင့်သည့်အနေအထား၌ တည်သောကြောင့်ဖြစ်ပေသည်။[၂]

မည်သည့်ဘာသာစကား၏ ဝါစဿရဗေဒအဝန်းအဝိုင်း၌မဆို အမြင့်သရဆိုသည်မှာ တစ်ဝက်သရ (mid-vowel) ထက်ပို၍ (လျှာ)မြင့်သော သရတစ်ခုခုဖြစ်နိုင်သည်။ ဆိုလိုသည်မှာ တစ်ဝက်ပိတ်သရ (close-mid vowel)၊ အပိတ်နီးပါးသရ (near-close vowel)၊ အပိတ်သရ (close vowels) စသည်တို့ကို အမြင့်သရ ဟူ၍ ယူဆကြသည်။

စာရင်းအချို့ ပြင်ဆင်ရန်

နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် အပိတ်သရအဖြစ် အောက်ပါသရများပါဝင်သည်။

(အဝိုင်းသရများအတွက် IPA အက္ခရာသည် နှုတ်ခမ်းဝိုင်းခြင်းနှင့် စပ်လျှင်း၍ နှုတ်ခမ်းကို ဆူ၍ ဝိုင်းခြင်း (သို့) ချပ်/ကပ်၍ ဝိုင်ခြင်းဆိုသည်မှာ အနက်မပြတ်သားပေ။ သို့သော်လည်း ကမ္ဘာ့ဘာသာစကားများ၏ အသံဖလှယ်ခြင်း၌ အထက်ပါ ပုံစံများကို အသုံးပြုလေ့ရှိကြသည်။)

အခြားကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. VOWEL QUALITY။ Oxford University Press။ 20 April 2017 တွင် ပြန်စစ်ပြီး။
  2. Ottenheimer၊ Harriet (2011)။ The Anthropology of Language: An Introduction to Linguistic Anthropology Workbook/Reader။ Belmont, CA: Cengage Learning။ p. 44။ ISBN 9781111828851