အနောက်အဖွင့်အပြန့်သရ

(Open back unrounded vowel မှ ပြန်ညွှန်းထားသည်)

အနောက်အဖွင့်အပြန့်သရ (အင်္ဂလိပ်: open back unrounded vowel) သည် အပြောဘာသာစကားတချို့တွင်အသုံးပြုသော သရသံအမျိုးအစားတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨ɑ⟩ ဟူ၍လည်းကောင်း စကားသံအကဲဖြတ်နည်းလမ်းများဆိုင်ရာ ထပ်တိုးအက္ခရာ (X-SAMPA) တွင် A အဖြစ်လည်းကောင်း တင်ဆက်ရေးသားသည်။ ⟨ɑ⟩ သည် a ၏ လက်ရေးမူဖြစ်၍ a သည် ပုံနှိပ်မူဖြစ်ကာ အခြားသရတစ်ခုကို ကိုယ်စားပြုဖော်ပြပေးသည်။ နောက်ထပ်ရောထွေးနိုင်သော သရတစ်ခုမှာ လက်ရေးမူ ɑ ကို ပြောင်းပြန်ရေးသားထားသော ɒ ဖြစ်ပြီး ၎င်းသည် ယခုဖော်ပြပါသရ၏ အဝိုင်းသရဖြစ်၍ အနောက်အဖွင့်အဝိုင်းသရ ဟုခေါ်သည်။

open back unrounded vowel
ɑ
IPA Number305
Encoding
Entity (decimal)ɑ
Unicode (hex)U+0251
X-SAMPAA
Braille⠡ (braille pattern dots-16)

အချို့သောဘာသာစကားများ (အဇာဘိုင်ဂျန်၊ အက်စတိုးနီးယား၊ လူဇင်ဘာ့၊ တော်ဒို)[၁][၂][၃][၄] တို့တွင် အနောက်အဖွင့်နီးပါးအပြန့်သရရှိ၍ ([ɑ] နှင့် [ʌ] ကြားရှိ သရသံ) သဒ္ဒဗေဒအရ ⟨ɑ̝⟩ သို့ ⟨ʌ̞⟩ အဖြစ် ဖလှယ်ရေးသားနိုင်သည်။

လင်ဘားဂစ်ရှ် (Limburgish[မှတ်စု ၁]) ဘာသာစကား၏ ဒေသယိစကားဖြစ်သော ဟားမော့န်-အေချယ်စကား (Hamont-Achel dialect) တွင် အရှေ့၊ အလယ်၊ အနောက် အဖွင့်အပြန့်သရများကို ခွဲခြားထွက်ရှိကြသည်ဟု သိရသည်။[၅] ဤသည်မှာ ပုံမှန်မဟုတ်ဘဲ အလွန်ထူးခြားလှသည်။

ဤသရသံသည် မြန်မာဘာသာစကားရှိ (အာ-သရ) သံနှင့် တူညီသည့်အနေအထားရှိ၍ အင်္ဂလိပ်စကားလုံး calm ထွက်ရှိသကဲ့သို့ဖြစ်ကာ မြန်မာဘာသာစကား၌ လျှာသည် အနည်းငယ်ရှေ့သို့ ပိုရောက်သည်။[၆]

အင်္ဂါရပ်များ ပြင်ဆင်ရန်

  • အဖွင့်သရဆိုရာ၌ လျှာသည် နိမ့်သောနေရာ၊ တစ်နည်း အာခေါင်မှ ဝေးသောနေရာတွင်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အနောက်သရအမျိုးအစားဖြစ်ရာ လျှာသည် ပါးစပ်၏ အနောက်တွင်တည်ရှိကာ ပိတ်ဆို့၍ ဗျည်းသံထွက်သည်အထိမဟုတ်ပေ။ အနောက်အပြန့်သရများသည် အလယ်သရဖက်သို့ တိမ်းတတ်၏ ။ ဆိုလိုသည်မှာ များမကြာခဏဆိုသလို ၎င်းတို့ကို အနောက်နီးပါးသရဟု ပြောလိုရင်းဖြစ်သည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

မှတ်စု ပြင်ဆင်ရန်

  1. လင်ဘားဂစ်ရှ်ဘာသာစကားသည် ဂျာမန်နွယ်ဘာသာစကားတစ်ခုဖြစ်၍ ဒတ်ချ်၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီရှိ နယ်အချို့၌ ပြောဆိုကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. Mokari & Werner (2016), p. 509.
  2. Asu & Teras (2009), p. 368.
  3. Gilles & Trouvain (2013), p. 70.
  4. Shalev, Ladefoged & Bhaskararao (1993), p. 92.
  5. Verhoeven (2007), p. 221.
  6. L. E. Armstrong and Pe Maung Tin (1925)။ A Burmese Phonetic Reader: With English translation။ The London Phonetic Readers။ London: University of London Press။ ɑ is a little nearer in tongue position to Cardinal Yowel No. 5 than to Cardinal Yowel No. 4. It is veiy like the normal English sound of a in calm.