အရှေ့အပိတ်အဝိုင်းသရ

(Close front rounded vowel မှ ပြန်ညွှန်းထားသည်)

အရှေ့အပိတ်အဝိုင်းသရ (အင်္ဂလိပ်: close front rounded vowel or high front rounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် /y/(အီ) သင်္ကေတဖြင့်ပြသည်။ စိစစ်အကဲဖြတ်နည်းလမ်းနှင့် နိုင်ငံတကာသဒ္ဒဗေဒအက္ခရာ၏ ထပ်တိုးအက္ခရာ (X-SAMPA) အဖြစ် တူညီသောသင်္ကေတမှာ y ဖြင့်ရေးသည်။ မြောက်မြားစွာသော ဘာသာစကားများ၌ အရေးအသားပုံစံအရ ဂျာမန်၊ တူရကီ (တားကစ်ရှ်) ဘာ့စ်ခ် စသည့်စကားများတွင် ⟨ü⟩ ဖြင့်ပြ၍ ဒိန်းမတ်၊ နော်ဝေး ဆွီဒင်စကားများ၌ ⟨y⟩ ဖြင့်ရေးသားကြလေသည်။ ပြင်သစ်နှင့် အချို့သော ရောမဘာသာစကားအနည်းငယ်၊ ဒတ်ချ်၊ ကောနစ်ရှ်စကား၏ ပြန်လည်ဖော်ထုတ်ထားသော ကာနဝက် ကမ်မင် (Kernewek Kemmyn) တို့တွင် ⟨u⟩ ဖြင့်ဖော်ပြကြ၏ ။ များလှစွာသော အာရှ ဘာသာစကားများတွင် ⟨iu⟩/⟨yu⟩ ဟူ၍လည်းကောင်း တာရှည်တည်ရှိခဲ့သော ဟန်ဂေရီစကားတွင် ⟨ű⟩၊ အခြားသော ဥရောပအက္ခရာများ၌ {angbr|ü}} ၊ ချတ်ရှန်စကားကဲ့သို့သော ဆစ်ရစ်လစ်ဘာသာစကား အခြေခံရေးထုံးစနစ်များတွင် ⟨уь⟩ အဖြစ်လည်းကောင်း ရေးသားဖော်ပြကြသည်။

close front rounded vowel
y
IPA Number309
Encoding
Entity (decimal)y
Unicode (hex)U+0079
X-SAMPAy
Braille⠽ (braille pattern dots-13456)

အတို (သံတို) /y/ နှင့် အရှည် (သံရှည်) /yː/ တို့သည် လက်ရှိသုံး ဂရိဘာသာစကားမတိုင်မီ မူတစ်ခုတွင်လည်း ပါဝင်ခဲ့ဖူးသည်။ ရှေးခေတ်ဂရိ၏ အဲတစ်ဂရိစကား နှင့် အိုင်းယောနစ်ခ် ဒေသယိစကားများ (Ionic dialects) ဘီစီ ၆-၇ ရာစုများတစ်ဝိုက်ခန့်က အနောက်သရသံ /u uː/ မှ လျှာကိုရှေ့တိုး၍ ပြောရာမှ အရှေ့သရသံ [y yː] တို့ဖြစ်ပေါ်လာခဲ့ကြသည်။ အနည်းငယ်ကြာသော် ထိုအသံသည် သရတစ်လုံးတည်းအသံရှေ့၌မရှိသောအခါ သရတွဲသံ /yi/ သည် သံရှည် သရသံ /yː/ နှင့်ပေါင်းစပ်ဖြစ်ပေါ်သွားကြသည်။ ကွိုင်းနီးဂရိစကား၌ သရတွဲသံ /oi/ သည် [yː] အဖြစ်သို့ပြောင်းလဲသွားခဲ့ကာ ကြားခံအနေဖြင့် [øi] နှင့် [øː] တို့တည်ရှိခဲ့နိုင်သည်။ ကွိုင်းနီးဂရိ၌ သရသံအတိုပြောင်းလဲဖြစ်ပေါ်ခြင်းမှတစ်ဆင့် သံရှည် /yː/ သည် သံတိုသရ /y/ နှင့်ပေါင်းစပ်သွားပြီး နောက်ပိုင်းတွင် /y/ သရသံသည် အပြန့်သရသံ [i] အဖြစ် ပေါ်ပေါက်သွားခဲ့လေသည်။ လက်ရှိခေတ်သစ်ဂရိဘာသာစကားသံအတိုင်းဖြစ်ပေသည်။

ဤအရှေ့အပိတ်အဝိုင်းသရ [y] သည် အချို့ဘာသာစကားများ၌ ပုံသဏ္ဌာန်တည်ဆောက်ပုံအရ တူညီလုနီးပါးရှိသည့် အက္ခရာနှစ်ခုရှိရာ ပြင်သစ်စကားသို့သော ဘာသာစကားအချို့တွင် [ɥ] ဟူ၍ လိုက်ရောညီထွေဖော်ပြနိုင်ပြီး အချို့သောဘာသာစကားများ၌ အသံဖြည့်စွက်သင်္ကေတ အပေါ်ခုံး ⟨⟩ သာမက [ɥ] ကိုပါ မတူညီသော အိုင်ပီအေ အသံဖလှယ်စနစ်များ၌ တစ်သံတည်းအတွက် အသုံးပြု ရေးသားကြသည်။

မြန်မာဘာသာစကားတွင် (အီ) ကို နှုတ်ခမ်းဝိုင်း၍ ပြောလေ့မရှိပေ။ မြန်မာတို့က စကားပြောရာ၌ အီသရသံကို [i] အနေဖြင့်သာ နီးနီးစပ်စပ် ရွတ်ဆိုကြသည်။[၁]

အင်္ဂါရပ် ပြင်ဆင်ရန်

  • ယခုဖော်ပြပါ /y/ သရ၌ သရနိမ့်မြင့်အရ လျှာသည် ခံတွင်း၌ အမြင့်ဆုံးအနေအထား၌တည်ရှိ၍ "အပိတ်" ဟုသုံးနှုန်းသည်။ ဗျည်းသံဖြစ်သည်အထိ မပိတ်ရပေ။
  • သရရှေ့နောက်သဘောအရ လျှာ၏ အနေအထားမှာ ခံတွင်း၏ အရှေ့ဘက်သို့ ရောက်ရှိနေသည်။ အရှေ့အဝိုင်းသရများသည် များသောအားဖြင့် အလယ်တဝိုက်နှင့် ပိုနီးသည်ဖြစ်၍ ဆိုလိုသည်မှာ ၎င်းတို့သည် အများအားဖြင့် အရှေ့နီးပါးသရများဖြစ်ကြသည်။
  • အဝိုင်းအပြန့်သဘော၌ နှုတ်ခမ်းကို ဝိုင်းရာတွင် ဖိကပ်၍ ဝိုင်းရသည်။ နှုတ်ခမ်းအတွင်းသားကို ပုံမှန်အားဖြင့် မမြင်ရပေ။

ကိုးကား ပြင်ဆင်ရန်

  1. L. E. Armstrong and Pe Maung Tin (1925)။ A Burmese Phonetic Reader: With English translation။ The London Phonetic Readers။ London: University of London Press။