အနောက်အဖွင့်အဝိုင်းသရ

(Open back rounded vowel မှ ပြန်ညွှန်းထားသည်)

အနောက်အဖွင့်အဝိုင်းသရ (အင်္ဂလိပ်: open back rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ɒ⟩ (အော-သရ) ဖြင့် ကိုယ်စားပြုဖော်ပြသည်။ a ၏ ပြောင်းပြန်လက်ရေးမူဟုခေါ်ဆိုကြသည်။ a ၏ ပုံမှန်လက်ရေးမူဖြစ်သည့် ⟨ɑ⟩ ကို ပြောင်းပြန်(ဘယ်ညာ) လုပ်ထားသည့်ပုံစံဖြစ်သည်။

open back rounded vowel
ɒ
IPA Number313
Encoding
Entity (decimal)ɒ
Unicode (hex)U+0252
X-SAMPAQ
Braille⠲ (braille pattern dots-256)⠡ (braille pattern dots-16)

အင်္ဂါရပ်များ

ပြင်ဆင်ရန်
  • အဖွင့်သရဆိုရာ၌ လျှာသည် နိမ့်သောနေရာ၊ တစ်နည်း အာခေါင်မှ ဝေးသောနေရာတွင်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အနောက်သရအမျိုးအစားဖြစ်ရာ လျှာသည် ပါးစပ်၏ အနောက်တွင်တည်ရှိကာ ပိတ်ဆို့၍ ဗျည်းသံထွက်သည်အထိမဟုတ်ပေ။
  • အဝိုင်းသရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဝိုင်း၍ ထွက်ရှိကြသည်။