အလယ်အပိတ်အဝိုင်းသရ

(Close central rounded vowel မှ ပြန်ညွှန်းထားသည်)

အလယ်အပိတ်အဝိုင်းသရ (အင်္ဂလိပ်: close central rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ʉ⟩ ဟူ၍ဖော်ပြသည်။[၁] ဤသရသံရော သင်္ကေတကိုပါ "ဘားယူ" (barred u-မျဉ်းတိုတားယူ) ဟုပုံမှန်ခေါ်ဝေါ်လေ့ရှိကြသည်။

close central rounded vowel
ʉ
IPA Number318
Encoding
Entity (decimal)ʉ
Unicode (hex)U+0289
X-SAMPA}
Braille⠴ (braille pattern dots-356)⠥ (braille pattern dots-136)

ဤအလယ်အပိတ်အဝိုင်းသရသည် ရှားပါးသော "နှုတ်ခမ်း(ဝိုင်း) အာခေါင်(မာ)လွန် သရရွေ့" (labialized post-palatal approximant) [ẅ] နှင့် အသံပိုင်းအရတူညီမှုရှိသည်။[၂]

ဘာသာစကားအများစု၌ ဤအဝိုင်းသရကို ထွက်ရှိရာတွင် နှုတ်ခမ်းကိုဆူဝိုင်း၍ အသံထုတ်ကြသည်။ သို့သော် အနည်းငယ်သော ဘာသာစကားများတွင် နှုတ်ခမ်းချပ်၍ ထွက်ရှိကြသည်။

အင်္ဂါရပ်များ ပြင်ဆင်ရန်

  • အပိတ်သရဆိုသည်မှာ လျှာသည် ခံတွင်း၌ အမြင့်ဆုံးအနေအထား၌တည်ရှိ၍ "အပိတ်" ဟုသုံးနှုန်းသည်။ ဗျည်းသံဖြစ်သည်အထိ မပိတ်ရပေ။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အဝိုင်းသရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို (ဆူ)ဝိုင်း၍ ထွက်ရှိကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. International Phonetic Association (1999), p. 167.
  2. Instead of "post-palatal", it can be called "retracted palatal", "backed palatal", "palato-velar", "pre-velar", "advanced velar", "fronted velar" or "front-velar".