အရှေ့သရ

သရတစ်မျိုး
(Front vowel မှ ပြန်ညွှန်းထားသည်)

အရှေ့သရ (အင်္ဂလိပ်: front vowel) ဆိုသည်မှာ အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏ ။ "လျှာ၏အမြင့်ဆုံးအမှတ်သည် ပါးစပ် (သို့) ခံတွင်း၏ အရှေ့၌တည်ရှိ၍ ဗျည်းသံဖြစ်ပေါ်စေလောက်မည့် လေထွက်ရှိမှုကို ဖြစ်ပေါ်စေခြင်းမရှိစေရဟုဖြစ်သည်။"[၁] နောက်တစ်နည်းဖွင့်ဆိုချက်မှာ "လျှာ၏ထိပ်ဖျားသည် အပေါ်ရှေ့သွားမှ အောက်ရှေ့သွားအထိ (ထိကပ်ခြင်းမဟုတ်စေဘဲ) နေရာအမျိုးမျိုးတွင် တည်ရှိ၍ အသံထုတ်လုပ်သော သရမျိုးဖြစ်သည်။"[၂] အရှေ့သရများကို "ကြည်လင်သောသရများ" (bright vowels) အဖြစ်လည်း ရံခါ၌ခေါ်ဆိုကြကာ ၎င်းတို့၏ အသံသည် အနောက်သရများထက် ပို၍ ကြည်လင်သည်ဟု ယူဆသိမြင်သောကြောင့်ဖြစ်သည်။[၁]

အရှေ့နီးပါး (အင်္ဂလိပ်: Near-front) များသည်လည်း အရှေ့သရများ၏ ပုံစံပင်ဖြစ်၍ အရှေ့သရနှင့် အရှေ့နီးပါးသရများကို လျှာ၏အရှေ့ အနောက် (မဆိုစလောက်သော) ပြောင်းရွှေ့မှုတစ်ခုတည်းဖြင့် သိသိသာသာခွဲ၍ ကွဲအောင်ပြုနိုင်သော မည်သည့်ဘာသာစကားမျှမရှိဟု သိရှိရသည်။

အရှေ့အဝိုင်းသရများသည် စံအနေဖြင့် အလယ်ပိုင်းသရများဖြစ်ကြသည်။ ဆိုလိုသည်မှာ အသံထုတ်မှုအရ အရှေ့နီးပါးသရများဖြစ်၏ ။ ထို့ကြောင့်ပင် အိုင်ပီအေဇယား၌ အရှေ့အဝိုင်းသရများကို အရှေ့အပြန့်သရများ၏ ညာဘက်၌ (အမည်းစက်တစ်ခုခြား၍) ရေးကြသည်။

ပါဝင်မှု ပြင်ဆင်ရန်

နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် အရှေ့သရများအဖြစ် အောက်ပါသရများ ပါဝင်သည်။

အိုင်ပီအေစနစ်၌ တရားဝင်သတ်မှတ်ခြင်းမရှိသော အရှေ့သရများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • close front protruded vowel [yʷ]
  • near-close front protruded vowel [ʏʷ]
  • close-mid front protruded vowel [øʷ]
  • mid front unrounded vowel [e̞] or [ɛ̝]
  • mid front compressed vowel [ø̞] or [œ̝]
  • mid front protruded vowel [ø̞ʷ] or [œ̝ʷ]
  • open-mid front protruded vowel [œʷ]

အသံထုတ်လုပ်မှုဆိုင်ရာ အရှေ့သရများ ပြင်ဆင်ရန်

 
Fronted vowels are one of three articulatory dimensions of vowel space. The prototypical fronted vowel is [i]. Below it in the chart are fronted vowels with jaw opening.

အသံထုတ်လုပ်ရာ၌ လျှာသည် ပုံမှန် (သို့) အနားယူသော အနေအထားမှ အရှေ့သို့တိုး၍ထွက်ရှိသည့် အရှေ့သရများသည် ဆုတ်တက်သောသရများ (raised vowel) နှင့် ဆုတ်ဆင်းသောသရများ (retracted vowel)[မှတ်စု ၁] နှင့်မတူကွာခြားသည်။ ဤသဘောတရားအယူအဆအရ အိုင်ပီအေဇယား၌ ပြုစုထားသေယ အရှေ့သရများထက် ပိုမိုကျယ်ပြန့်၍ [ɪ ʏ], [ɨ ʉ] အက္ခရာများနှင့် နီးနီးကပ်ကပ်အားဖြင့် အလယ်တစ်ဝက်သရများလည်း ပါဝင်သည်။ အရေ့သရများအတွင်း သရ၏အနိမ့်အမြင့် (vowel height) ; တစ်နည်း အဖွင့်၊ အပိတ်သရများကို လျှာက တိုက်ရိုက်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ မေးရိုး၏အနေအထားကသာဆုံးဖြတ်ပေးခြင်းဖြစ်သည်။ သံရင်းပိုင်းအရ ဆုတ်တက်၊ ဆုတ်ဆင်းသရများကို ဥပမာ အာခေါင် (palatal) ၌ဖြစ်သော ဗျည်းများက အသံထွက်အရ ရှေ့ပိုင်းသရများဖြစ်စေသည်။ အချို့သောဘာသာစကားများတွင် လည်ချောင်းဝ၌ဖြစ်သော ဗျည်းများက အထက်ပါ ဆုတ်တက်၊ ဆုတ်ဆင်းသရများကို အရှေ့သရများအဖြစ် အသံထွက်အရ ဖန်တီးယူကြသည်။ ဥပမာအားဖြင့် (အာရေးဗစ်ဒေသစကားအချို့တွင်) /j/ သို့ /ħ/ တို့ နောက်၌ဖြစ်သော /a/ အသံသည် [æ] ထက်အရှေ့ပိုကျနိုင်သည်။[၄]

အခြားကြည့်ရန် ပြင်ဆင်ရန်

မှတ်စု ပြင်ဆင်ရန်

  1. ဆုတ်တက်သော၊ ဆုတ်ဆင်းသော ဆိုရာ၌ လျှာသည် နောက်သို့ ရွှေ့ (ဆုတ်) ၍ အထက်သို့တက်သည် (သို့) နောက်သို့ ရွှေ့ (ဆုတ်) ၍ အောက်သို့ဆင်းသည် ဟုဆိုလိုသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Tsur၊ Reuven (February 1992)။ The Poetic Mode of Speech Perception။ Duke University Press။ p. 20။ ISBN 0-8223-1170-4
  2. Linda I. House (1 February 2013)။ Introductory Phonetics and Phonology: A Workbook Approach။ Psychology Press။ pp. 30–။ ISBN 978-1-134-99568-4
  3. see English Wikipedia articles about these concepts at en:Raised vowel and en:Retracted vowel, where the text are written based on the document "The Epilaryngeal Articulator: A New Conceptual Tool for Understanding Lingual-Laryngeal Contrasts" (2012). 
  4. Scott Moisik, Ewa Czaykowska-Higgins, & John H. Esling (2012) "The Epilaryngeal Articulator: A New Conceptual Tool for Understanding Lingual-Laryngeal Contrasts"