အလယ်တစ်ဝက်ဖွင့်အပြန့်သရ

(Open-mid central unrounded vowel မှ ပြန်ညွှန်းထားသည်)

အလယ်တစ်ဝက်ဖွင့်အပြန့်သရ (အင်္ဂလိပ်: open-mid central unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ɜ⟩ (ယခင်အသုံး ⟨⟩) အဖြစ် ဖော်ပြသည်။ ဤအက္ခရာသည် အင်္ဂလိပ် ဂဏန်း ⟨3⟩ (သို့) စစ်ရစ်လစ် အက္ခရာ ဇီ (Ze) ၏ အသေးစာလုံး (з) မဟုတ်ပေ။ လက်တင်အက္ခရာ အပ်စီလွန်၏ အက္ခရာပုံအသေး ɛ ကို ရှေ့နောက်ပြောင်းထားခြင်း ဖြစ်သည်။[၁] ɛ ကို ၁၉၉၃ မှသာ သတ်မှတ်အသုံးပြုခဲ့ကြ၍ ယခင်ကာလများ၌ ⟨ɛ̈⟩ ကို အသုံးပြုခဲ့ကြသည်။

open-mid central unrounded vowel
ɜ
IPA Number326
Encoding
Entity (decimal)ɜ
Unicode (hex)U+025C
X-SAMPA3
Braille⠲ (braille pattern dots-256)⠜ (braille pattern dots-345)

ɜ⟩ ကို အမြင့်[မှတ်စု ၁] ဖြည့်စွက်အက္ခရာနှင့်တွဲ၍ ⟨ɜ̝⟩ အဖြစ် အလယ်တစ်ဝက်အပြန့်သရ ကိုရည်ညွှန်းရန် သုံးစွဲနိုင်သည်။ ထို့အတူ အနိမ့် ဖြည့်စွက်အက္ခရာနှင့်တွဲ၍ ⟨ɜ̞⟩ အဖြစ် အလယ်အဖွင့်နီးပါးအပြန့်သရ ကိုရည်ညွှန်းနိုင်ပေသည်။

ပြောင်းပြန်အားဖြင့် အလယ်တစ်ဝက်သရ၏ သင်္ကေတဖြစ်သည့် ⟨ə⟩ ကို အနိမ့် ဖြည့်စွက်အက္ခရာနှင့်တွဲပြီး ⟨ə̞⟩ အဖြစ် အလယ်တစ်ဝက်ဖွင့်အပြန့်သရကို ရည်ညွှန်းနိုင်သည်။ သို့သော် ပို၍တိတိကျကျရေးရမည်ဆိုလျှင် အပြန့်သဘော ထပ်တိုးအက္ခရာကိုသုံးပြီး ⟨ə̞͑⟩ ဟူ၍ ဖော်ပြနိုင်သည်။ (သဒ္ဒဗေဒကျမ်းရင်းများတွင် ⟨ə⟩ ကို ပြန့်ခြင်း၊ ဝိုင်းခြင်း ဖော်ပြထားမှုမရှိပေ။)

အင်္ဂါရပ်များ ပြင်ဆင်ရန်

  • တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

မှတ်စု ပြင်ဆင်ရန်

  1. အမြင့် (raising/raised) နှင့် အနိမ့် (lowering/lowered) ဆိုသည်မှာ လျှာ၊ နှုတ်ခမ်းတို့သည် ရည်ညွှန်းနေရာထက် အထက် (သို့) အောက်သို့ ပိုရောက်ရှိနေခြင်းဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Handbook of the international Phonetic Association, Cambridge University Press, p- 173