အပိတ်နီးပါးသရ

(Near-close vowel မှ ပြန်ညွှန်းထားသည်)

အပိတ်နီးပါးသရ (အင်္ဂလိပ်: near-close vowel or near-high vowel ဆိုသည်မှာ အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏ ။ "အပိတ်နီးပါးသရဆိုသည်မှာ လျှာသည် အပိတ်သရနှင့် တစ်ဝက်ပိတ်သရကြားရှိ သရတစ်မျိုးဖြစ်သည်။"[၁]

ဤအပိတ်နီးပါးသရများကို ရံခါ၌ လုံးဝအပိတ်သရများ၏ ပြေလျော့သောမူကွဲများအဖြစ်ဖော်ပြလေ့ရှိသည်။ သို့သော် ဘာသာစကားအပေါ်မူတည်၍ ၎င်းတို့သည် အပိတ်သရများ၏ မူကွဲများလည်း ဖြစ်ချင်မှ ဖြစ်လိမ့်မည်။

စာရင်းအချို့ ပြင်ဆင်ရန်

နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် အပိတ်နီးပါးသရအဖြစ် အောက်ပါသရများ ပါဝင်သည်။

နိုင်ငံတကာသဒ္ဒဗေဒအသင်း၏ လက်စွဲစာအုပ်တွင် ဤသရများကို အလယ်တစ်ဝက်သရများ (mid-centralized) အဖြစ်သတ်မှတ်ထား၏ ။[i][y] နှင့် [u] တို့၏ ယှဉ်ဖက်သရများ၊ ပို၍ အလယ်ကျပြီး နိမ့်သည် (centralized and lowered) ဟု သတ်မှတ်သည်။[၂] ထို့ကြောင့် အပိတ်နီးပါးသရများ၏ ယှဉ်ဖက်အသံဖလှယ်မူတစ်ခုမှာ [i̽, y̽, u̽] (သို့) ပို၍ရှုပ်ထွေးစွာဖြင့် [ï̞, ÿ˕, ü̞] ဖြစ်သည်။ သို့သော်လည်း ဘာသာစကားအားလုံး၌ ၎င်းတို့သည် အလယ်သရများမဟုတ်ကြချေ။ အချို့သောဘာသာစကားများ၌ [ɪ] နှင့် [ʊ] တို့၏ သက်ဆိုင်ရာ အရှေ့ နှင့် အနောက်သရများအသီးသီးရှိကြသည်။[၃]

IPA တွင် ဖော်ပြသတ်မှတ်မထားသော အပိတ်နီးပါးသရများမှာ :

  • near-close near-front protruded vowel [ʏʷ]
  • near-close central unrounded vowel [ɨ̞] (ᵻ)
  • near-close central compressed vowel [ʏ̈]
  • near-close central protruded vowel [ʉ̞] (ᵿ)
  • near-close near-back unrounded vowel [ɯ̽] or [ɯ̞̈]
  • near-close near-back compressed vowel [ʊᵝ] တို့ဖြစ်ကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. Linda I. House (1 February 2013)။ Introductory Phonetics and Phonology: A Workbook Approach။ Psychology Press။ pp. 30–။ ISBN 978-1-134-99568-4
  2. International Phonetic Association (1999), p. 13.
  3. • Example languages with a fully front [ɪ̟]: Danish and Sotho (Sources: Basbøll (2005:45); Doke & Mofokeng (1974:?)).
    • Example languages with a fully back [ʊ̠]: Korean and Sotho (Sources: Lee (1999:121); Doke & Mofokeng (1974:?)).

ရင်းမြစ် ပြင်ဆင်ရန်

  • International Phonetic Association (1999)၊ Handbook of the International Phonetic Association: A guide to the use of the International Phonetic Alphabet၊ Cambridge: Cambridge University Press၊ ISBN 0-521-65236-7