အနောက်သရ
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
အနောက်သရ (အင်္ဂလိပ်: back vowel) ဆိုသည်မှာ အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏ ။ "လျှာ၏အမြင့်ဆုံးအမှတ်သည် ခံတွင်း (ပါးစပ်) ၏ နောက်ပိုင်း၌တည်ရှိနေ၍ ဗျည်းသံဖြစ်ပေါ်စေလောက်မည့် လေထွက်ရှိမှုကို ဖြစ်ပေါ်စေခြင်းမရှိစေရ" ဟုဖြစ်သည်။[၁] နောက်တစ်နည်းဖွင့်ဆိုချက်မှာ "လျှာ၏အနောက်ပိုင်းသည် အာခေါင်ပျော့ (velar) နေရာ၌ အထက်အောက်ရွှေ့ရှား၍ အသံထုတ်လုပ်ပေးသော သရအမျိုးအစားဖြစ်သည်။"[၂] အနောက်သရများကို မကြည်လင်သောသရများ (dark vowels) ဟုခေါ်တွင်ကြသည်။ အကြောင်းမှာ ဤသရများ၏ အသံကို အရှေ့သရများ၏အသံထက် ပို၍ ကြည်လင်ရှင်းလင်းပြတ်သားမှု နည်းသသည်ဟု ယူဆထင်မြင်ကြသေကြောင့်ဖြစ်သည်။[၁]
အနောက်နီးပါးသရများ (Near-back) သည် အနောက်သရများ၏ ပုံစံတစ်မျိုးဖြစ်၍ အနောက်သရနှင့် အနောက်နီးပါးသရများကို လျှာ၏အရှေ့ အနောက် (မဆိုစလောက်သော) ပြောင်းရွှေ့မှုတစ်ခုတည်းဖြင့် သိသိသာသာခွဲ၍ ကွဲအောင်ပြုနိုင်သော မည်သည့်ဘာသာစကားမျှမရှိဟု သိရှိရသည်။
အသံထုတ်လုပ်ခြင်း
ပြင်ဆင်ရန်အသံထုတ်လုပ်ရာတွင် အနောက်သရများသည် ကဏ္ဍတစ်ခုတည်းအောက်၌သာ တည်ရှိနေကြသည်မဟုတ်ဘဲ ဆုတ်တက်သောသရ (raised vowel; ဥပမာ [u]) နှင့် ဆုတ်ဆင်းသောသရ (retracted vowel; ဥပမာ [ɑ]) ဟူ၍ တစ်မျိုးမဟုတ် တစ်မျိုး၌ ရှိနိုင်သည်။[၃]
ပါဝင်မှု
ပြင်ဆင်ရန်နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် အရှေ့သရများအဖြစ် အောက်ပါသရများ ပါဝင်သည်။
- close back unrounded vowel [ɯ]
- close back protruded vowel [u]
- near-close back protruded vowel [ʊ]
- close-mid back unrounded vowel [ɤ]
- close-mid back protruded vowel [o]
- open-mid back unrounded vowel [ʌ]
- open-mid back rounded vowel [ɔ]
- open back unrounded vowel [ɑ]
- open back rounded vowel [ɒ]
အိုင်ပီအေစနစ်၌ တရားဝင်သတ်မှတ်ခြင်းမရှိသော အရှေ့သရများမှာ အောက်ပါအတိုင်းဖြစ်သည်။
- close back compressed vowel [ɯᵝ] or [uᵝ]
- near-close back unrounded vowel [ɯ̽] or [ʊ̜]
- near-close back compressed vowel [ɯ̽ᵝ] or [ʊᵝ]
- close-mid back compressed vowel [ɤᵝ] or [oᵝ]
- mid back unrounded vowel [ɤ̞] or [ʌ̝]
- mid back rounded vowel [o̞] or [ɔ̝]
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Tsur၊ Reuven (February 1992)။ The Poetic Mode of Speech Perception။ Duke University Press။ p. 20။ ISBN 978-0-8223-1170-6။
- ↑ Linda I. House (1 February 2013)။ Introductory Phonetics and Phonology: A Workbook Approach။ Psychology Press။ pp. 30–။ ISBN 978-1-134-99568-4။
- ↑ Scott Moisik, Ewa Czaykowska-Higgins, & John H. Esling (2012) "The Epilaryngeal Articulator: A New Conceptual Tool for Understanding Lingual-Laryngeal Contrasts"