အရှေ့အဖွင့်အပြန့်သရ

(Open front unrounded vowel မှ ပြန်ညွှန်းထားသည်)

အရှေ့အဖွင့်အပြန့်သရ (အင်္ဂလိပ်: open front unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨a⟩ (အာ-သရ) ဖြင့်ပြဆိုသည်။ အခြေခံသရရှစ်ခုထဲက တစ်ခုဖြစ်၍ အခြေခံသရဆိုသည်မှာ သဒ္ဒဗေဒအရ တိုင်းတာ(သတ်မှတ်)ခြင်းစနစ်တွင် "အခြေခံကျသော ရည်ညွှန်းကိုးကား အသံ" ကိုသာ ပြဆိုရန်ဖြစ်ပြီး မည်သည့်ဘာသာစကားတစ်ခု၏ သရသံကိုမျှ တိုက်ရိုက်ကိုယ်စားပြုပေးသည်မဟုတ်ပေ။[၁]

open front unrounded vowel
a
IPA Number304
Encoding
Entity (decimal)a
Unicode (hex)U+0061
X-SAMPAa
Braille⠁ (braille pattern dots-1)

သရဇယား၏ လက်ဝဲဘက်အောက်ခြေ၌တည်ရှိသည်။ သို့သော် ဖော်ပြထားသော စတုဂံပုံ သရဇယား၏ တိကျမှုကို အငြင်းပွားကြပြီး ဤအသံသည် အသံပိုင်းဆိုင်ရာအရ အလွန် ပွင့်(ဖွင့်)သည့်အနေအထားဖြစ်ကာ လျှာ၏ တည်နေရာ ရှေ့နောက်သဘောသည် ထင်ထင်ရှားရှားမရှိတော့ပေ။ ဤသရ၏ တိကျသော အရည်အသွေးနှင့်ပတ်သက်၍ မတူညီကြသော အနက်ဖွင့်ဆိုမှုများလည်းရှိရာ ဒန်းညာ ဂျုံးဇ်၏ ရှေးက အသံသွင်းထားမှု(အသံ) သည် ဂျွန် ဝဲလ်ဇ်၏ အသံသွင်းထားမှု(အသံ) ထက်ပို၍ (လျှာ)ရှေ့သို့အနည်းငယ်ရောက်ရှိကာ အဖွင့်အနေအထားမှာ ဂျွန် ဝဲလ်ဇ်ကဲ့သို့ လုံးဝမပွင့်ပေ။[၂]

လက်တွေ့အားဖြင့် သဒ္ဒဗေဒပညာရှင်များ[ဘယ်သူကလဲ?]က ဤသရကို အလယ်အဖွင့်အပြန့်သရအတွက်သုံးနိုင်သည်၊ အရှေ့အဖွင့်နီးပါးအပြန့်သရæ⟩ နှင့် ပို၍နီးစပ်သည်ဟု ယူဆသတ်မှတ်ကြသည်။[၃] နမူနာအားဖြင့် အင်္ဂလိပ်ဘာသာစကား၏ သမိုင်းကြောင်းအရ ဤသည်မှာပုံမှန်သဘောတရားဖြစ်၏ ။ ထိုသို့ အရှေ့ နှင့် အရှေ့နီးပါးကိုပြဆိုသော သင်္ကေတများ ပျောက်သွားခြင်းသည် အများအားဖြင့် ပြဿနာမရှိဟု ယူဆကြသည်။ အကြောင်းမှာ လူ့၏အာရုံခံနိုင်မှုအရ ထိုနှစ်ခုကြားကွဲပြားမှုသည် အလွန်သေးကွေးလှပြီး ထိုနှစ်ခုကို ခွဲခြားကွဲပြားစေသည့် ဘာသာစကားဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ သရ၏ (လျှာ)အနောက်ရောက်ရှိမှုကို သတ်မှတ်လိုပါက အရှေ့အဖွင့်နီးပါးအပြန့်သရကို နှိမ့်ထားသော ⟨æ̞⟩ ကို အသုံးပြုနိုင်သည်။

မြန်မာဘာသာစကားတွင် ⟨a⟩ (အာ-သရ) ၏အနေအထားသည် အခြေခံသရ ⟨a⟩ ထက် လျှာသည် အနည်းငယ် အပေါ်သို့ရောက်၍ အနောက်သို့လည်း အနည်းငယ် ရောက်ရှိသည်။[၄][၅]

လင်ဘားဂစ်ရှ် (Limburgish[မှတ်စု ၁]) ဘာသာစကား၏ ဒေသယိစကားဖြစ်သော ဟားမော့န်-အေချယ်စကား (Hamont-Achel dialect) တွင် အရှေ့၊ အလယါ၊ အနောက် အဖွင့်အပြန့်သရများကို ခွဲခြားထွက်ရှိကြသည်ဟု သိရသည်။[၆]

Features ပြင်ဆင်ရန်

  • အဖွင့်သရဆိုရာ၌ လျှာသည် နိမ့်သောနေရာ၊ တစ်နည်း အာခေါင်မှ ဝေးသောနေရာတွင်ရှိသည်။
  • အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။ ဤသရသည် အလယ်အဖွင့်သရများထဲ၌ပါဝင်သည်။ အကြောင်းမှာ တစ်ဝက်နှင့် အပိတ်သရများတွင် လျှာ၏ လှုပ်ရှားမှုသည် သက်တောင့်သက်တာရှိသော်လည်း ဤ၌ သက်သက်သာသာ မရှိပေ။(ပါးစပ်လည်းဖွင့်ရမည်။ လျှာကိုလည်း အရှေ့သို့ ပို့ရမည်။) အရှေ့အဖွင့်သရနှင့် အနောက်အဖွင့်သရတို့ကြား ခြားနားမှုသည် အရှေ့အပိတ်သရနှင့် အလယ်အပိတ်သရ (သို့) အလယ်အကိတ်သရနှင့် အနောက်အပိတ်သရတို့ကြား ခြားနားမှုသည့် ဆင်တူပေသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

မှတ်စု ပြင်ဆင်ရန်

  1. လင်ဘားဂစ်ရှ်ဘာသာစကားသည် ဂျာမန်နွယ်ဘာသာစကားတစ်ခုဖြစ်၍ ဒတ်ချ်၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီရှိ နယ်အချို့၌ ပြောဆိုကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. John Coleman: Cardinal vowels
  2. Geoff Lindsey (2013) The vowel space, Speech Talk
  3. Keith Johnson: Vowels in the languages of the world Archived 2016-03-04 at the Wayback Machine. (PDF), p. 9
  4. ထွန်းမြင့် (M.Phil, London) (မတ် ၂၀၀၇)။ သဒ္ဒဗေဒ။ ရာပြည့်စာအုပ်တိုက်။ p. ၁၂၇။
  5. L. E. Armstrong and Pe Maung Tin (1925)။ A Burmese Phonetic Reader: With English translation။ The London Phonetic Readers။ London: University of London Press။ see the Burmese Vowels Diagram on page 6 & 7
  6. Verhoeven (2007), p. 221.