အလယ်အပိတ်အပြန့်သရ

(Close central unrounded vowel မှ ပြန်ညွှန်းထားသည်)

အလယ်အပိတ်အပြန့်သရ (အင်္ဂလိပ်: close central unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ɨ⟩ ဖြင့်ပြဆိုသည်။ ပုံစံမှာ အက္ခရာ i ကို ဘေးမျဉ်းတိုတစ်ခု အလယ်မှဖြတ်သည့်ပုံ ဖြစ်သည်။ ဤအသံကို ပုံမှန်အားဖြင့် ဘားအိုင် (barred i) ဟုသမုတ်ကြသည်။

close central unrounded vowel
ɨ
IPA Number317
Encoding
Entity (decimal)ɨ
Unicode (hex)U+0268
X-SAMPA1
Braille⠴ (braille pattern dots-356)⠊ (braille pattern dots-24)

ဤသရသည် ရှားပါးသော "အာခေါင်(မာ)လွန် သရရွေ့" (post-palatal approximant) [j̈] ၏ အသံပိုင်းအရတူညီမှုရှိသည်။[၁]

အချို့ဘာသာစကားများတွင် "အလယ်အပိတ်နီးပါးအပြန့်သရ (ဤအသံ အကြောင်းlisten ) တည်ရှိကြ၍ ⟨ɨ̞⟩ နှင့် ⟨ɪ̈⟩ အဖြစ်ဖလှယ်ရေးသားမှုများသော်လည်း ဖြစ်နိုင်ချေ အခြားရေးသားမှုမှာ ⟨ɪ̠⟩ နှင့် ⟨ɘ̝⟩ တို့ဖြစ်သည်။ ဗြိတိသျှအဘိဓာန်များတွင် ဤသရကို ⟨ɪ⟩ ဟူ၍ ရေးသားဖော်ပြကြပြီး အမေရိကန်ရေးထုံး၌ ⟨ɨ⟩ (သို့) ⟨⟩ အဖြစ်ရေးသည်ကပိုများသည်။[၂]⟩ ကိုလည်း အခြားသောစာအုပ်စာပေများ၌ သုံးလေ့ရှိရာ ဥပမာ - ဂျွန် စီ ဝဲလ်ဇ်၏ Accents of English တွင်ဖြစ်သည်။ အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓာန် (တတိယအကြိမ်မူ) တွင် ⟨⟩ ကို /ɪ/ နှင့် /ə/ ကြား အလွတ်အပြောင်းအလဲသရတစ်ခုအဖြစ် ဖော်ပြထားသည်။

အင်္ဂါရပ်များ ပြင်ဆင်ရန်

  • အပိတ်သရဆိုသည်မှာ လျှာသည် ခံတွင်း၌ အမြင့်ဆုံးအနေအထား၌တည်ရှိ၍ "အပိတ်" ဟုသုံးနှုန်းသည်။ ဗျည်းသံဖြစ်သည်အထိ မပိတ်ရပေ။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. Instead of "post-palatal", it can be called "retracted palatal", "backed palatal", "palato-velar", "pre-velar", "advanced velar", "fronted velar" or "front-velar".
  2. Pullum & Ladusaw (1996:298)