ခရိုမီယမ်

(Chromium မှ ပြန်ညွှန်းထားသည်)

ခရိုမီယမ် သို့မဟုတ် ကရိုမီယမ် (Cromium)(ဓာတုသင်္ကေတမှာ-Cr ဖြစ်သည်။) သည် မာ၍ ငွေရောင်ကဲ့သို့ ဖြူပြာရောင် အဆင်းရှိပြီး မြင့်မားသော ပွတ်တိုက်မှုကြောင့် ဖြစ်ရသည့် ချောမွေ့ ပြောင်လက်သော သတ္တုဖြစ်၏။ မာကျောကာ ကျိုးပဲ့ လွယ်ပါသည်။ ၎င်းအား အပူ ပေးသောအခါတွင် ၎င်း၏ သဘာဝ စွမ်းရည်နှင့် အစိမ်းရောင်း ခရိုမိစ် အောက်ဆိုဒ် ပုံစံများ၏ တောက်ပမှုသည် လေထုထဲတွင် ပြောင်းလဲခြင်းမရှိပါ။ ခရိုမီယမ်သည် အောက်ဆီဂျင်ထဲတွင် မတည်မြဲသော ဒြပ်စင်ဖြစ်ပြီး ၎င်းသည် ပါးလွှာသော အောက်ဆိုဒ်အလွှာကိုချက်ချင်းထုတ်ပေးပါသည်။ မိုလစ်ဒီနမ်၊ တန်စတင်နှင့် ယူရေနီယမ် ဒြပ်စင်များအစုတွင် ပါဝင်၍ သတ္တုစပ်များ ပြုလုပ်ရာ၌ များစွာပင် အသုံးဝင်၏။ ကရိုမီယမ်ကို သယံဇာတအဖြစ်ဖြင့် ရရှိ၍၊ ဥက္ကာများတွင်လည်း အနည်းငယ်မျှတွေ့ရ တတ်သည်။ ၎င်းအောက်ဆိုဒ် အလွှာကြောင့် အရည်များ အောက်ဆီဂျင်သို့ ဖြတ်သန်းမရနိုင်သလို အောက်ဘက်တွင်လည်း သတ္တုက ကာကွယ်ထားသည်။ သို့သော် ကရိုမိုက်ခေါ် ကရိုမီယမ် သတ္တုရိုင်းမှ ထုတ်ယူရာ၌ အလွန်ခက်ခဲ၍ စရိတ်စခလည်း အလွန်များသောကြောင့် ဤသတ္တုမှာ မထင်ရှားဘဲရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်လောက်ကမှ ကရိုမီယမ်ကို လူသိများလာကြပြီးလျှင် စက်မှုလုပ်ငန်း အမျိုးမျိုးတို့တွင် စတင် အသုံးပြုလာကြသည်။

ခရိုမီယမ်  24Cr
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတခရိုမီယမ်, Cr
အဆင်းsilvery metallic
ဒြပ်စင်အလှည့်ကျဇယားရှိ ခရိုမီယမ်
Element 1: ဟိုက်ဒရိုဂျင် (H), Other non-metal
Element 2: ဟီလီယမ် (He), Noble gas
Element 3: လီသီယမ် (Li), Alkali metal
Element 4: ဘယ်ရီလီယမ် (Be), Alkaline earth metal
Element 5: ဘိုရွန် (B), Metalloid
Element 6: ကာဗွန် (C), Other non-metal
Element 7: နိုက်ထရိုဂျင် (N), Other non-metal
Element 8: အောက်ဆီဂျင် (O), Other non-metal
Element 9: ဖလိုရင်း (F), Halogen
Element 10: နီယွန် (Ne), Noble gas
Element 11: ဆိုဒီယမ် (Na), Alkali metal
Element 12: မဂ္ဂနီစီယမ် (Mg), Alkaline earth metal
Element 13: အလူမီနီယမ် (Al), Other metal
Element 14: ဆီလီကွန် (Si), Metalloid
Element 15: ဖော့စဖောရပ် (P), Other non-metal
Element 16: ဆာလဖာ (S), Other non-metal
Element 17: ကလိုရင်း (Cl), Halogen
Element 18: အာဂွန် (Ar), Noble gas
Element 19: ပိုတက်ဆီယမ် (K), Alkali metal
Element 20: ကယ်လဆီယမ် (Ca), Alkaline earth metal
Element 21: စကန္ဒီယမ် (Sc), Transition metal
Element 22: တိုင်‌တေနီယမ် (Ti), Transition metal
Element 23: ဗနေဒီယမ် (V), Transition metal
Element 24: ခရိုမီယမ် (Cr), Transition metal
Element 25: မက်ဂနိစ် (Mn), Transition metal
Element 26: သံ (သတ္တု) (Fe), Transition metal
Element 27: ကိုဘော့ (ဒြပ်စင်) (Co), Transition metal
Element 28: နီကယ် (Ni), Transition metal
Element 29: ကြေးနီ (Cu), Transition metal
Element 30: သွပ် (Zn), Transition metal
Element 31: ဂဲလီယမ် (Ga), Other metal
Element 32: ဂျာမေနီယမ် (Ge), Metalloid
Element 33: စိန်ဖြူ (As), Metalloid
Element 34: ဆီလီနီယမ် (Se), Other non-metal
Element 35: ဘရိုမင်း (Br), Halogen
Element 36: ကရစ်ပတွန် (Kr), Noble gas
Element 37: ရူဘီဒီယမ် (Rb), Alkali metal
Element 38: စထရွန်တီယမ် (Sr), Alkaline earth metal
Element 39: အိတ်တြီယမ် (Y), Transition metal
Element 40: ဇာကိုနီယမ် (Zr), Transition metal
Element 41: နိုင်အိုဘီယမ် (Nb), Transition metal
Element 42: မိုလိပ်ဒီနမ် (Mo), Transition metal
Element 43: တက္ကနက်တီယမ် (Tc), Transition metal
Element 44: ရက်သီနီယမ် (Ru), Transition metal
Element 45: ရိုဒီယမ် (Rh), Transition metal
Element 46: ပယ်လေဒီယမ် (Pd), Transition metal
Element 47: ငွေ (သတ္တု) (Ag), Transition metal
Element 48: ကတ်မီယမ် (Cd), Transition metal
Element 49: အိန္ဒီယမ် (In), Other metal
Element 50: သံဖြူ (Sn), Other metal
Element 51: ခနောက်စိမ်း (Sb), Metalloid
Element 52: တယ်လူရီယမ် (Te), Metalloid
Element 53: အိုင်အိုဒင်း (I), Halogen
Element 54: ဇီနွန် (Xe), Noble gas
Element 55: ဆယ်ဆီယမ် (Cs), Alkali metal
Element 56: ဘေရီယမ် (Ba), Alkaline earth metal
Element 57: လန်သနမ် (La), Lanthanoid
Element 58: ဆယ်ရီယမ် (Ce), Lanthanoid
Element 59: ပရာဆီယိုဒိုင်ယမ် (Pr), Lanthanoid
Element 60: နီယိုဒိုင်မီယမ် (Nd), Lanthanoid
Element 61: ပရိုမီသီယမ် (Pm), Lanthanoid
Element 62: ဆမ္မာရီယမ် (Sm), Lanthanoid
Element 63: ယူရိုပီယမ် (Eu), Lanthanoid
Element 64: ဂါဒိုလီနီယမ် (Gd), Lanthanoid
Element 65: တာဘီယမ် (Tb), Lanthanoid
Element 66: ဒိုင်စပရိုဆီယမ် (Dy), Lanthanoid
Element 67: ဟိုမီယမ် (Ho), Lanthanoid
Element 68: အာဘီယမ် (Er), Lanthanoid
Element 69: ကျူလီယမ် (Tm), Lanthanoid
Element 70: အိတ္တာဘီယမ် (Yb), Lanthanoid
Element 71: လူတက်သီယမ် (Lu), Lanthanoid
Element 72: ဟက်ဖ်နီယမ် (Hf), Transition metal
Element 73: တန်တလမ် (Ta), Transition metal
Element 74: တန်စတင် (W), Transition metal
Element 75: ရီနီယမ် (Re), Transition metal
Element 76: အော့စမီယမ် (Os), Transition metal
Element 77: အိုင်ရီဒီယမ် (Ir), Transition metal
Element 78: ရွှေဖြူ (Pt), Transition metal
Element 79: ရွှေ (Au), Transition metal
Element 80: ပြဒါး (Hg), Transition metal
Element 81: သယ်လီယမ် (Tl), Other metal
Element 82: ခဲ (သတ္တု) (Pb), Other metal
Element 83: ကြွပ် (Bi), Other metal
Element 84: ပိုလိုနီယမ် (Po), Metalloid
Element 85: အက်စ်တက်တိုင်း (At), Halogen
Element 86: ရေဒွန် (Rn), Noble gas
Element 87: ဖရန်စီယမ် (Fr), Alkali metal
Element 88: ရေဒီယမ် (Ra), Alkaline earth metal
Element 89: အက်တီနီယမ် (Ac), Actinoid
Element 90: သိုရီယမ် (Th), Actinoid
Element 91: ပရိုတက်တီနီယမ် (Pa), Actinoid
Element 92: ယူရေနီယမ် (U), Actinoid
Element 93: နပ်ကျူနီယမ် (Np), Actinoid
Element 94: ပလူတိုနီယမ် (Pu), Actinoid
Element 95: အမေရိစီယမ် (Am), Actinoid
Element 96: ကျူရီယမ် (Cm), Actinoid
Element 97: ဘာကီလီယမ် (Bk), Actinoid
Element 98: ကာလီဖိုနီယမ် (Cf), Actinoid
Element 99: အိုင်စ်တိုင်နီယမ် (Es), Actinoid
Element 100: ဖာမီယမ် (Fm), Actinoid
Element 101: မန်ဒယ်လီဗီယမ် (Md), Actinoid
Element 102: နိုဘယ်လီယမ် (No), Actinoid
Element 103: လော်ရန်စီယမ် (Lr), Actinoid
Element 104: ရူသာဖော်ဒီယမ် (Rf), Transition metal
Element 105: ဒပ်ဘ်နီယမ် (Db), Transition metal
Element 106: ဆီဘော်ဂျီယမ် (Sg), Transition metal
Element 107: ဘိုဟ်ရီယမ် (Bh), Transition metal
Element 108: ဟက်စ်စီယမ် (Hs), Transition metal
Element 109: မိုက်ဒ်နီရီယမ် (Mt), Transition metal
Element 110: ဒမ်စတဒ်တီယမ် (Ds), Transition metal
Element 111: ရွန့်ဂန္နီယမ် (Rg), Transition metal
Element 112: ကော့ပါနီဆီယမ် (Cn), Transition metal
Element 113: နီဟိုနီယမ် (Uut)
Element 114: ဖလရိုဗီယမ် (Uuq)
Element 115: မော်စကိုဗီယမ် (Uup)
Element 116: လီဗာမိုရီယမ် (Uuh)
Element 117: တန်နဆီး (Uus)
Element 118: အိုဂန်နက်ဆွန် (Uuo)


Cr

Mo
ဗနေဒီယမ်ခရိုမီယမ်မက်ဂနိစ်
အက်တမ် အမှတ်စဉ် (Z)24
အုပ်စုဘလော့group 6
ဒြပ်စင်အလှည့်ကျဇယားperiod 4
စံ အက်တောမစ် အလေးချိန် (Ar)
အီလက်ထရွန် ပြုပြင်မှု[Ar] 3d5 4s1
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 13, 1
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်2180 K ​(1907 °C, ​3465 °F)
အရည်ဆူမှတ်2944 K ​(2671 °C, ​4840 °F)
သိပ်သည်းမှု (အခန်းအပူချိန်)7.19 g/cm3
6.3 g/cm3
ဖျူးရှင်းအပူ21.0 kJ/mol
အငွေ့ပျံခြင်း အပူ347 kJ/mol
မိုလာ အပူအင်အား23.35 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1656 1807 1991 2223 2530 2942
အက်တောမစ် ဂုဏ်အင်များ
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.66
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 652.9 kJ/mol
2nd: 1590.6 kJ/mol
3rd: 2987 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 128 pm
ကိုဗေးလန့်အချင်းဝက်139±5 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံbody-centered cubic (bcc)
Body-centered cubic crystal structure for ခရိုမီယမ်
အသံ၏အမြန်နှုန်း 5940 m/s (at 20 °C)
အပူ ပြန့်ကားမှု4.9 µm/(m·K) (at 25 °C)
အပူစီးကူးမှု93.9 W/(m·K)
လျှပ်စစ် ခုခံမှု125 nΩ·m (at 20 °C)
သံလိုက်ဓာတ်antiferromagnetic (rather: SDW)[]
သံလိုက် ထိတွေ့နိုင်မှု (χmol)+280.0×10−6 cm3/mol (273 K)[]
Young's modulus279 GPa
Shear modulus115 GPa
Bulk modulus160 GPa
ပိုင်ဆွန် အချိုး0.21
Mohs hardness8.5
Vickers hardness1060 MPa
Brinell hardness687–6500 MPa
CAS Number7440-47-3
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းLouis Nicolas Vauquelin (1794, 1797)
အတည်ငြိမ်ဆုံး ခရိုမီယမ်၏ အိုင်ဆိုတုပ်များ
iso NA သက်တမ်းဝက် DM DE (MeV) DP
50Cr 4.345% is stable with 26 neutrons
51Cr syn 27.7025 d ε 51V
γ 0.320
52Cr 83.789% is stable with 28 neutrons
53Cr 9.501% is stable with 29 neutrons
54Cr 2.365% is stable with 30 neutrons
ဝီကီဒေတာတွင် | | ကိုးကား

အသုံးချခြင်း

ပြင်ဆင်ရန်

အစွန်းခံ သံမဏိကဲ့သို့ သံချေးမတက်၊ အစွန်းမထင်နိုင်သော သတ္တုစပ်များကို ပြုလုပ်ရာ၌ ခရိုမီယမ်သည် အရေးပါ အရာရောက်ဆုံးသော သတ္တုတစ်ခုဖြစ်၏။ သံချေးတက်တတ်သော သံနှင့်သံမဏိများကို ခရိုမီယမ် သို့မဟုတ် နစ်ကယ်ရောထားသော ခရိုမီယမ်နှင့် ရောစပ်လိုက်သောအခါ အလွန်အဖိုးတန်သော သတ္တုစပ်ဖြစ်လာ၍ သံချေးတက်ခြင်း၊ သံချေးစားခြင်း၊ အက်ဆစ်စားခြင်းတို့ကို ခံနိုင်လာသည်။ ဤသို့ ထူးကဲသော ဂုဏ်သတ္တိရှိသောကြောင့် သံချေးမတက်နိုင်အောင် တာရှည်ထားရမည့် ပစ္စည်းဟူသမျှကို ခရိုမီယမ်သတ္တုစပ်ဖြင့် ပြုလုပ်ကြ၏။ နစ်ကယ်နှင့်ခရိုမီယမ် သတ္တုနှစ်မျိုးကို ရောစပ်ပြုလုပ်ထားသော သတ္တု စပ်သည် အလွန်ပြင်းသော အပူဒဏ်ကို ခံနိုင်ရည်ရှိ၏။ မည်မျှပင် အပူပြင်းသော်လည်း အလွယ်တကူနှင့် မလောင်ကျွမ်းနိုင်ချေ။ ထို့ကြောင့် အီလက်ထရစ်ရေဒီယေတာခေါ် လျှပ်စစ်ဖြင့် အပူငွေ့ပေးသော ကရိယာများ အတွင်းရှိ နန်းကြိုးကလေးများကို နစ်ကယ်နှင့်ကရိုမီယမ် တို့ဖြင့် ရောစပ်ပြုလုပ်ထားသည်။ ထို့ပြင် သံမဏိကို ခရိုမီယမ်နှင့် ရောစပ်သောအခါ အလွန်မာသောကြောင့် အမြောက်ဆန် ကျည်ဆန်များ၊ ဗေါဗယ်ရင်များ၊ မော်တော်ကား ဂီယာများ ပြုလုပ်ရာတွင် များစွာ အသုံးပြုကြလေသည်။ ထို့ပြင် ခရိုမီယမ်အား ဓာတုနည်းပညာဖြင့် ပတ္တမြားအတု(ချက်ကျောက်) ထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။

 
ခရိုမီယမ် သတ္တုကျောက်ရိုင်း
 
ခရိုမီ သံချပ်ဖြင့် တန်ဆာဆင်ထားသော ဆိုင်ကယ်

သဘာဝတွင်တွေ့ရှိရမှုအခြေအနေ

ပြင်ဆင်ရန်

ခရိုမီယမ်သတ္တုသည် အလွန်မာ၍ အက်ဆစ် လွယ်လွယ်နှင့် မစားနိုင်သောကြောင့် ယခင်က အလွန် ခေတ်စားခဲ့သော နစ်ကယ်ရည်စိမ်ခြင်းကို အသုံးမများတော့ဘဲ ကရိုမီယမ်ရည်စိမ်ခြင်းကို များစွာ အသုံးပြု လာကြ၏။ ခရိုမီယမ်ရည် စိမ်ထားသော ပစ္စည်းများ၏ မျက်နှာပြင်များသည် အပွတ်အတိုက်ကို ကောင်းစွာ ခံနိုင်၏။ ခရိုမိတ်ခေါ် ခရိုမီယမ်သတ္တုရိုင်းကို သတ္တုကျိုဖိုများ၏ အတွင်းခံပစ္စည်းအဖြစ်ဖြင့် အသုံးပြုကြ၏။ ခရိုမီယမ် ဟူသည်မှာ ဂရိစကား 'ခရိုမာ'မှ ဆင်းသက်လာ၍ အရောင်ဟု အဓိပ္ပာယ်ရ၏။ ကရိုမီယမ် ဒြပ်ပေါင်းများ၌ အရောင်အမျိုးမျိုး ရှိကြ၏။ မြနီလာပတ္တမြား စသော တွင်းထွက်ကျောက်မျက်တို့၏ အရောင်ကွဲပြားခြားနားမှုသည် ထိုကျောက်မျက်ရွဲတို့တွင် ပါဝင်သော ခရိုမီသတ္တု အနည်း အများပေါ်တွင် အကြောင်းပြုသည်။ ခရိုမီယမ်ဒြပ်ပေါင်းများဖြစ်ကြသော ဗေရီယမ်ခရိုမိတ်၊ လက်ခရိုမိတ်၊ ဇင့်ခရိုမိတ်တို့မှ အရောင်အမျိုးမျိုးရှိသော ခြယ်ဆေးများကို ရရှိ၏။

ခရိုမီယမ် သတ္တုရိုင်းဖြစ်သော ကရိုမိုက်(FeCrO4) ကို အာဖရိကတောင်ပိုင်း တောင်ရိုးဒီးဇီးယားနယ်၊ ယူဂိုစလားဗီးယား၊ ကျူးဘား၊ နယူးကယ်လီဒိုးနီးယား၊အိန္ဒိယဖိလစ်ပိုင်နိုင်ငံတူရကီနှင့်ရုရှနိုင်ငံတို့တွင် အဓိက တူးဖော်ရရှိပြီး စုစုပေါင်း ၁၄ မီလီယမ် ထုတ်ယူပြီးဖြစ်သည်။

 
ဆိုဒီယမ် ခရိုမိုက်(Na2CrO4)

ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ

ပြင်ဆင်ရန်

လူ့ပတ်ဝန်းကျင်တွင် ခရိုမီယမ်များ၏ သက်ရောက်မှုများကို ဖော်ပြရမည်ဆိုလျှင် အသက်ရှူခြင်း၊ စားသောက်ခြင်း၊ အရေပြားနှင့် တိုက်ရိုက်ထိတွေ့ရာတွင် ခရိုမီယမ် နှင့်ခရိုမီယမ် ကွန်ပေါင်းများသာ သက်ရောက်မှု ရှိသည်။ ခရိုမိတ်မှာ အလွန် အဆိပ်ပြင်းထန်သောကြောင့် လက်နှင့်ကိုင်တွယ်ရာတွင် အထူးပင် သတိပြုရသည်။ ကိုယ်ခန္ဓာပေါ်တွင် ထိရာ ရှရာများရှိ၍၊ ထိုထိရာရှရာများမှ သွေးထဲသို့ ခရိုမိတ်ဝင်သွားလျှင် သွေးနီဥများကို ဖျက်ဆီးပစ်တတ်သည်။ လေထု နှင့် ရေထုထဲတို့တွင် ခရိုမီယမ်၏ ပါဝင်နှုန်းမှာ များသောအားဖြင့် နည်းပါးပါသည်။ သောက်သုံးရေတွင်လည်း ခရိုမီယမ်ပါဝင်မှု နည်းပါးပါသည်။ သို့သော် ရေဒီယိုသတ္တုကြွသော ရေတွင်မူ ခရိုမီယမ်(၄) နှင့် (hexavalent cromium) ပါဝင်သည်။ လူများစားသုံးသော အစားအစာတွင် ခရိုမီယမ်(၃) ပါဝင်သည်။ ၎င်းအား လူများစားသုံးသော ဟင်းသီးဟင်ရွက်များ၊ သစ်သီးဝလံများနှင့် အသားများတွင် များစွာ တွေ့ရှိနိုင်သည်။ သို့သော် အစားအစားများကို သတ္တုဗူးများနှင့် ကြာရှည်စွာ သိမ်းဆည်းထားလျှင် ခရိုမီယမ်၏ ပြင်းအား တိုးလာသည်။ ခရိုမီယမ် (၃၊၄၊၅၊၆) များ၏ ကျန်းမားရေး သက်ရောက်မှုများကို မူရင်းဆိုဒ်တွင် ဆက်လက် လေ့လာနိုင်သည်။

ပတ်ဝန်းကျင်သို့သက်ရောက်မှုများ

ပြင်ဆင်ရန်
 
ပတ္တမြားနီသည် ခရိုမီယမ်-၃ ပမာဏအနည်းငယ်ပါဝင်သော တွင်းထွက်ကျောက်ဖြစ်သည်။
 
ခရိုမီယမ်သတ္တုကျောက်ရိုင်းထွက်ရှိမှု-၂၀၀၂

၎င်း၏ သက်ရောက်မှု အမျိုးအစားများမှာ များစွာရှိသည်။ ၎င်း၏ သက်ရောက်မှုများသည် ဩဂဲနစ် ဖြစ်စဉ်ပေါ်တွင်သာ မူတည်နေပါသည်။ ခရိုမီယမ်သည် လေ၊ ရေနှင့် မြေထဲသို့ ခရိုမီယမ်(၃) နှင့် (၄) များသည် သဘာဝဖြစ်စဉ်နှင့် လူသားများ၏ လှုပ်ရှားမှုများကို ကျော်လွန်ပြီး ဝင်ရောက်ပါသည်။ လူတို့၏ ခရိုမီယမ်(၃)ပမာဏကို တိုးပွားလာစေသော လုပ်ဆောင်မှုများမှာ စတီး(လ်)များ၊ သာရေနှင့် အထည်အလိပ်များ ထုတ်လုပ်ခြင်းကြောင့် ဖြစ်သည်။ လူတို့၏အဓိက လှုပ်ရှားမှုဖြစ်သော ခရိုမီယမ်(၄) များကို ဓာတုဗေဒသားရေများ၊ အထည်အလိပ်များ ထုတ်လုပ်ရာတွင်လည်း အသုံးပြုနှုန်း မြင့်မားလာသည်။ လျှပ်စစ် ပတ်လမ်းများနှင့်အခြား ခရိုမီယမ် (၄)များကို စက်ရုံများတွင်လည်း အသုံးပြုပါသည်။ ထိုကဲ့သို့ အသုံးပြုခြင်းသည် များသောအားဖြင့် ရေထဲတွင် ခရိုမီယမ်ပြင်းအားများကို တိုးပွားလာစေသည်။ လေထဲတွင်ရှိသော ခရိုမီယမ်အများစုသည် နောက်ဆုံးတွင် ရေထဲ အမှိုက်ထဲတွင် ပျော်ဝင်ကုန်ကြသည်။ အညစ်အကြေး အမှိုက်များတွင်ရှိသော ခရိုမီယမ်သည် အညစ်အကြေး အမှုန်များတွင် ပြင်းစွာတွယ်ကပ်နေကြသော်လည်း မြေအောက်ရေများဆီသို့ ရွေ့လျားခြင်းမရှိပါ။ ခရိုမီယမ်များသည် ငါးများ၏ ကိုယ်ထဲတွင် မည်မျှလောက် တိုးပွားနေသည်ကိုမူ မသိနိုင်ပါ။ သို့သော် ပမာဏ များပြားပါသည်။ အဘယ်ကြောင့်ဆိုသော် ရေ၏မျက်နှာပြင်တွင် သတ္တု စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများ ရှိသောကြောင့် ဖြစ်သည်။ ၎င်းစွန့်ပြစ်ပစ္စည်းများ အနီးအနားတွင် ငါးများ ကူးခတ်ခြင်းကြောင့် ငါးများ၏အရေအတွက် လေးပုံးတစ်ပုံ ဆုံးရှုံးသွားနိုင်သည်။[][]

  1. Fawcett, Eric (1988). "Spin-density-wave antiferromagnetism in chromium". Reviews of Modern Physics 60: 209. doi:10.1103/RevModPhys.60.209. Bibcode1988RvMP...60..209F. 
  2. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  3. ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုဘိုဘိုကျော်မှ ဘာသာပြန်ဆိုသည်။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)