မင်းအောင်လှိုင်

တပ်မ​တော်ကာကွယ်ရေးဦးစီးချုပ်၊ နစကဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဝန်ကြီးချုပ်

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ[၆][၇] မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ တပ်မတော်သား တစ်ဦးဖြစ်ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာ၌ လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အိမ်စောင့်အစိုးရတွင်လည်း ဝန်ကြီးချုပ်အဖြစ် မိမိကိုယ်တိုင် ခန့်အပ်ကာ တာဝန်ထမ်းဆောင်နေသည်။ အိမ်စောင့်အစိုးရ၏ အစိုးရအကြီးအကဲအဖြစ် အုပ်ချုပ်ရေးအာဏာနှင့် ကောင်စီဥက္ကဋ္ဌအဖြစ် ဥပဒေပြုရေးအာဏာတို့ကို ကိုယ်တိုင်ကျင့်သုံးလျက်ရှိသည်။


မင်းအောင်လှိုင်
မင်းအောင်လှိုင် (၂၀၂၁)
မြန်မာနိုင်ငံ၏ ၁၂ဦးမြောက် ဝန်ကြီးချုပ်[၁][၂]
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဩဂုတ် ၂၀၂၁
ခန့်အပ်သူကိုယ်တိုင်
လက်ထောက်စိုးဝင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ[၃]
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
လက်ထောက်စိုးဝင်း
ယခင်လူရာထူးစတင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၁
သမ္မတဦးသိန်းစိန်
ဦးထင်ကျော်
ဦးဝင်းမြင့်
လက်ထောက်စိုးဝင်း
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
ယခင်လူဦးသန်းရွှေ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1956-07-03) ၃ ဇူလိုင်၊ ၁၉၅၆ (အသက် ၆၇)
မကွေးတိုင်းဒေသကြီးမင်းဘူးမြို့
လူမျိုးထားဝယ်
ကြင်ဖော်(များ)ဒေါ်ကြူကြူလှ
သားသမီးအောင်ပြည့်စုံ
ခင်သီရိသက်မွန်
မိဘပန်းချီဦးခင်လှိုင်(ထားဝယ်)[၄]၊ ဒေါ်လှမူ(ထားဝယ်)[၅]
မိခင်ကျောင်းရန်ကုန်တက္ကသိုလ် (LL.B)
စစ်တက္ကသိုလ်
ဆုတံဆိပ်များ
ဝက်ဘ်ဆိုဒ်seniorgeneralminaunghlaing.com.mm
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၇၄–လက်ရှိ
ရာထူး ဗိုလ်ချုပ်မှူးကြီး
Commands ကာကွယ်ရေးဦးစီးချုပ်
တိုက်ပွဲ/စစ်ပွဲများပြည်သူ့ခုခံတော်လှန်စစ်

သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် လက်ခံခဲ့သည်။ သူသည် နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ (NDSC) ၏အဖွဲ့ဝင်လည်းဖြစ်သည်။[၈] သူသည် ယခင်က မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဖြစ်သည်။[၉]ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အဓိကတာဝန်ရှိသူလည်းဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒတွင် သူသည် အာဆီယံ၏လွှမ်းမိုးမှုကို တွန်းလှန်ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့အပေါ် ပိုမိုအားကိုးခဲ့သည်။[၁၀][၁၁] သူ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ ဆက်တိုက်ချမှတ်ခံခဲ့ရလျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဒီမိုကရေစီ အညွှန်းကိန်း၏ အဆင့်သတ်မှတ်ချက်များအရ သူ၏လက်‌ထက်မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအာဏာရှင်အဆန်ဆုံးနိုင်ငံဖြစ်ခဲ့သည်။[၁၂] ၂၀၂၃ ဧပြီလ ၁၃ တွင် တိုင်းမ်စ်မဂ္ဂဇင်းမှ သူ့အား "၂၀၂၃ ခုနှစ်၏ ဩဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀" ထဲတွင် ထည့်သွင်းခဲ့ပြီး "နိုင်ငံကိုအပယ်ခံဘဝသို့ ရောက်စေခဲ့သည်" ဟူ၍ဖော်ပြထားသည်။[၁၃]

ကိုယ်ရေးအကျဉ်း

 
၂၀၁၀ပြည့်နှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘီစစ် ဝိဇ္ဇာဇီဝအား လက်ခံတွေ့ဆုံရာ ထိုစဉ်ကညှိကွပ် ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ဘေးတွင်တွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကြည်း ၁၄၂၃၂)[၁၄] ကို ခရစ်နှစ် ၁၉၅၅-ခုနှစ်တွင် အစိုးရဝန်ထမ်းဖြစ်သည့် ဖခင်တာဝန်ကျရာမကွေးတိုင်းဒေသကြီးမင်းဘူးမြို့တွင် မွေးဖွားသည်။[၁၅] ဖခင်ဖြစ်သူ ဦးသောင်းလှိုင်(ခေါ်)ဦးခင်လှိုင်မှာ အစိုးရဝန်ထမ်းဖြစ်ပြီး ပန်းချီဆရာတစ်ဦးလည်း ဖြစ်သည်။မိဘနှစ်ပါးစလုံးသည် ထားဝယ်ဇာတိဖြစ်ကြပြီး ထားဝယ်လူမျိုးများဖြစ်သည်။[၅] ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ မန္တလေးမြို့၊ ၁၉၆၇ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်ကုန်မြို့တို့တွင် ပညာသင်ကြားခဲ့ပြီး[၅] ၁၉၇၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အ.ထ.က(၁)လသာ (Central) ကျောင်းမှ အောင်မြင်ခဲ့သည်။[၁၆] ၁၉၇၃-၇၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာ တက်ရောက်သင်ကြားရင်း ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၉) ဝင်ခွင့်ရရှိခဲ့ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ရရှိခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာ(ကာကွယ်ရေး)ဘွဲ့ကိုလည်း ရရှိခဲ့သည်။ အရာရှိငယ်ဘဝတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၈၆) ခြေလျင်တပ်ရင်းတွင် ထမ်းဆောင်ခဲ့ဖူးသည်။ (အမှတ်(၃၆၉)ခြေမြန်တပ်ရင်း)နမခလက်အောက်ခံတပ်ရင်း တပ်ရင်းမှူး၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်တွင် စစ်ဦးစီးမှူး(ပထမတန်း)နှင့် နည်းဗျူဟာမှူး တာဝန်များ၊ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များအပြင် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကိုပါ ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဖြစ်လာပြီး ၂၀၁၁ မတ် ၃၁ မှ စတင်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်

၂၀၁၁-၂၀၁၆ : ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရ ကာလ

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့တွင် နအဖအစိုးရမှ ဦးသိန်းစိန်အစိုးရအသစ်ထံ တရားဝင် အာဏာလွှဲပြောင်းပေးအပ်ချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။ သူသည် သူ့ထက် ပို၍ဝါကြီးသောသူများကို ကျော်ဖြတ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။[၁၇]တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာချိန်တွင် သူသည် ဗိုလ်ချုပ်ကြီးအဆင့်သာ ဖြစ်သေးသည်။ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်း ဗိုလ်ချုပ်အဆင့်သာ ဖြစ်သေးသည်။ ၎င်းတိုကို ခန့်အပ်ကြောင်းကို တရားဝင် လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိပဲ ထိုနေ့က လွှတ်တော်အစည်းအဝေးကျင်းပမှသာ တရားဝင်သိရှိခဲ့ကြရသည်။[၁၈]

၂၀၁၂ခုနှစ် (၆၇)နှစ်မြောက် တပ်မတော်နေ့အကြောင်း သတင်းများတွင် ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်ချုပ်ကြီး အဆင့်ဖြင့်သာ ဖော်ပြခဲ့ကြပြီး[၁၉]ဧပြီလ (၃)ရက်​နေ့တွင် ထုတ်​ဝေ​သော နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသော သတင်း၌ အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ထွက်ခွာသွားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လေဆိပ်၌လိုက်ပါ ပို့ဆောင်သူများစာရင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟု ပါရှိခဲ့သည်။[၂၀] ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဗိုလ်ချုပ်ကြီးအဆင့်မှ ဒုတိယဗိုလ်ချုပ်မှူးကြီး ဖြစ်လာခဲ့သည်။[၂၁]

၂၀၁၃ခုနှစ် မတ်လ (၂၄)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ကျင်းပသော ဆွမ်းကပ်လှူပွဲသို့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ တက်ရောက်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်၏ ရာထူးအဆင့်အတန်းကို ဒုတိယဗိုလ်ချုပ်မှူးကြီးဟု ဖော်ပြခဲ့သည်။[၂၂] မတ်လ (၂၇) ရက်နေ့ (၆၈)နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းပြောကြားရာတွင်မူ ကာကွယ်ရေးဦးစီးချုပ်၏ အဆင့်ကို ဗိုလ်ချုပ်မှူးကြီးဟု ဖော်ပြခဲ့ကြသည်။ ဤသို့ဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့တပ်မတော်၏ အမြင့်ဆုံးတိုးမြှင့်နိုင်သည့် အဆင့်ဖြစ်သော ဗိုလ်ချုပ်မှူးကြီး အဆင့်ကို ရယူခဲ့သည်။ ထို့အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ဗိုလ်ချုပ်ကြီးအဆင့်မှ ဒုတိယဗိုလ်ချုပ်မှူးကြီး အဆင့်ဖြင့် ပြောင်း၍ ဖော်ပြခဲ့သည်။[၂၃] ၎င်းအကြောင်းများကို တရားဝင်ထုတ်ဖော်ကြေညာခြင်းမရှိသဖြင့် ရက်စွဲအတိအကျကို မသိရဘဲ တပ်မတော်နေ့ တွင် တိုးမြှင့်ခဲ့သည်ဟုသာ ခန့်မှန်းကြသည်။

၂၀၁၁ မှ ၂၀၁၆အတွင်း အစိုးရနှင့် တပ်မတော်သည် ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ အစိုးရပိုင်းမှ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးအငြိမ်းစားဖြစ်သူ သမ္မတဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီးထက် ဝါပိုရင့်သူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည် ဤကာလအတွင်း နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ တပ်မ​တော်ပိုင်းတွင်သာ အားစိုက်ခဲ့သည်။ သို့သော် ကြံ့ခိုင်ရေးပါတီအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အားပြိုင်ရာတွင် ဦးသိန်းစိန်ဘက်မှ ရပ်တည်ခဲ့သည်။[၂၄]

 
၂၀၁၂ခုနှစ်က​ အိန္ဒိယနိုင်ငံတွင် တွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီးသည် အသက်(၆၀)ပြည့်ရန် နီးကပ်လာချိန်တွင် ၂၀၁၄ ခုနှစ်၌ ကကနကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့၏ တာဝန်ထမ်းဆောင်နိုင်သော အသက်ကို ၆၅နှစ်အထိ တိုးမြှင့်လိုက်သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသည် ၂၀၂၁ ခုနှစ် အထိ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။[၂၅] သို့ရာတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ၌ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အသက် ၆၅ နှစ် ပြည့်ခဲ့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ယခုအချိန်ထိ တာဝန်ထမ်းဆောင်လျက်ရှိသည်။

၂၀၁၆-၂၀၂၁ : အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ကာလ

၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ၂၀၁၆ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော ဦးထင်ကျော်အစိုးရ တက်လာခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသည် ထိုအစိုးရလက်ထက်တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။

 
၂၀၁၇ခုနှစ်က​တွေ့ရ​သော ဗိုလ်ချုပ်မှူးကြီးနှင့် ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေး

၂၀၁၇ခုနှစ်အတွင်း အေအာအက်စ်အေ အကြမ်းဖက်အဖွဲ့၏ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်မှုကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တုံ့ပြန်ကြရာ ဒုက္ခသည် ၇သိန်းကျော် ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း ထွက်ပြေးသွားခဲ့ကြသည်။ ရခိုင်အရေးနှင့် ပက်သက်သက်၍ သူ့အား အမေရိကန်အပါအဝင် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့ခဲ့ရာ သူ့အနေဖြင့် ဥပဒေများအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ နိုင်ငံတကာက ယခုလို ဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံဟု ဗိုလ်ချုပ်မှူးကြီးက တုံ့ပြန်ခဲ့သည်။[၂၆]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ သက်တမ်းကြာရှည်လာသည်နှင့်အမျှ တပ်မတော်နှင့် အစိုးရအကြား ပွတ်တိုက်မှုများ မြင့်တက်လာခဲ့သည်။၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားရာ အချို့နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများသည် ၁၉၅၅ခုနှစ်က ဗကပဖဆပလအစိုးရအား ပြုလုပ်ခဲ့သကဲ့သို့ ယခုအခါတွင် ဖဆပလနေရာ၌ တပ်မတော်ကို အစားထိုးနေကြောင်း၊ "ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့" ဟု ပြောကြားခဲ့သည်။[၂၇][၂၈]လက်ရှိပြည်တွင်းစစ်ကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပဋိပက္ခအဖြစ် သတ်မှတ်ပြီး အစိုးရက ကြားဝင်ဖျန်ဖြေသူအဖြစ် ပုံမဖော်ရန်၊ တပ်မတော်ကိုသာ အပြစ်ပုံမချရန် ပြောဆိုခဲ့သည်။[၂၄]ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပက်သက်၍ အစိုးရ၏ လုပ်ဆောင်ချက်များကို တပ်မတော်မှ လူသိရှင်ကြား ဝေဖန်လာခဲ့သည်။ တပ်မတော်ဘက်မှ သတင်းစာရှင်းလင်းပွဲများတွင် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အစိုးရဘက်သတင်းစာရှင်းလင်းပွဲများတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ သဘောထားများကို ပြောကြားရာတွင် မကြာခဏ တင်းမာမှုများရှိခဲ့သည်။ဥပမာ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆင့်သတ်မှတ်ချက်ကိစ္စနှင့် ၂၀၂၀ရွေးကောက်ပွဲအပြီးများတွင်ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကာကွယ်ရေးဦးစီးချုပ်သည် ညွှန်ကြားရေးမှူးချုပ်အဆင့်သာဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့ကြောင့် တပ်မတော်ဘက်မှ နိုင်ငံတော်အစိုးရမှ ထုတ်ပြန်သည့် ပြည်ထောင်စုအင်္ဂါစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့် (၈)ဖြစ်ကာ ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေသူဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။[၂၉]

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရည်ညွှန်းကာ နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုဝင်ဘာ ၅ ရက်နေ့တွင် တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ်သည် သာမန်ဝန်ထမ်းမဟုတ်ဘဲ အမျိုးသားနိုင်ငံရေးကဏ္ဍတွင် ဦးဆောင်သူဖြစ်သဖြင့် ၎င်း၏တာဝန်အပေါ် လေးစားအသိအမှတ်ပြုရန် ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အုပ်ချုပ်ရေးပိုင်းကဏ္ဍတွင် လုပ်ပိုင်ခွင့်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပါဝင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေစတင်ရာ အမျိုးသားညီလာခံများတွင် ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့် မူများစာအုပ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆင့်သတ်မှတ်ရာတွင် မှီငြမ်းပြုနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဒုတိယသမ္မတအဆင့် သတ်မှတ်သည်ဟု အခြေခံမူ သတ်မှတ်ခဲ့သဖြင့် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံဝန်ထမ်းမဟုတ်သည့် အမျိုးသားနိုင်ငံရေးအဆင့်အတန်းကို သတ်မှတ်ထားခြင်းဖြစ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်။ [၂၉]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရများ သက်တမ်းတွင် ကာလုံဟုခေါ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တစ်ကြိမ်မျှမခေါ်ခဲ့ပေ။[၂၆]

ဗိုလ်ချုပ်မှူးကြီးက ၎င်းတွင် နှစ်​ပေါင်း (၄၀)​ကျော်ကြာ အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိကြောင်း၊ ထိုအတွေ့အကြုံများကို လက်တွေ့ အသုံးချရန် အသင့်ရှိကြောင်း အမြဲပြောဆိုခဲ့သည်။[၃၀]နိုင်ငံခြားသတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် သူ့အနေဖြင့် လက်ရှိရာထူးထက် ပို၍မြင့်သော တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။၂၀၂၀ရွေးကောက်ပွဲမစမီတွင် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ (၃၄)ခုတို့ တွေ့ဆုံခဲ့ရာ ပါတီအချို့မှ လက်ရှိရွေးကောက်ပွဲကော်မရှင်မှာ ဘက်လိုက်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းနှင့် တပ်မတော်မှ အာဏာရယူပြီး ရွေးကောက်ပွဲကျင်းပပေးစေလိုကြောင်း ပြောကြားခဲ့သည်။[၂၄]

ရွေးကောက်ပွဲအပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့နိုင်ငံရေးသည် အတင်းမာဆုံးအခြေအနေဖြစ်လာခဲ့သည်။ တပ်မတော်မှ ရွေးကောက်ပွဲနှင့် ပက်သက်၍ တောက်လျှောက်ပြောဆိုလာခဲ့ပြီး အစိုးရနှင့် ​ရွေး​ကောက်ပွဲ​ကော်မရှင်အား တောင်းဆိုမှုများ ရှိလာခဲ့သည်။ သို့သော် အစိုးရမှ တရားဝင် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိများနှင့် သင်တန်းသားများကို တွေ့ဆုံရာ တချို့မှာ ဥပဒေကို လိုရာဆွဲ၍ လုပ်နေသဖြင့် အကျိုးထက် အဆိုးကို ဖြစ်ပေါ်စေကြောင်း၊ ဥပဒေကို မလိုက်နာပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးဟု မှတ်ယူ၍မရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။[၃၁]ဇန်နဝါရီလ ၂၈ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးက ၎င်း၏သဘောထားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာရေးသား ပေးပို့ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုစာတွင် မဲစာရင်းမှားယွင်းမှုများကို ပြန်၍စစ်ဆေးပေးရန်နှင့် တတိယအကြိမ်လွှတ်တော်များအား သမ္မတ၏အာဏာဖြင့် ဆိုင်းငံ့ပေးရန်တို့ ပါဝင်သည်။[၃၂]

ထိုရက်ပိုင်းအတွင်း မြို့ကြီးအချို့၌ တပ်မတော်၏ သံချပ်ကာယာဉ်များ လှည့်လည်သွားလာမှုများ ပေါ်ပေါက်လာခဲ့သည်။ ဖေဖော်ဝါရီ (၁)ရက်နေ့ နံနက်အစောပိုင်းတွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့သည်။ ထို့နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁/၂၀၂၁အရ အာဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတအနေဖြင့် အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ (၃) ရပ်လွှဲပြောင်းပေးနိုင်သည်ဆိုသည့်ပုဒ်မ ပါဝင်သည်။ သို့သော် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် လွှတ်တော်နှစ်ရပ်၏ ဥက္ကဋ္ဌများကို ဖမ်းဆီးအကျယ်ချုပ်ထားရှိကာ မတရားသဖြင့် ဒုသမ္မတ(၁) ဦးမြင့်ဆွေအား ယာယီသမ္မတ အနေဖြင့် သူ့ထံ အာဏာလွှဲပြောင်းစေခဲ့သည်။ ထိုအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲကာ အာဏာသိမ်းမှုကို တရားဝင်သယောင်ယောင် လုပ်ဆောင်နေခြင်းဖြစ်သည်။

၂၀၂၁ မှ လက်ရှိ: စစ်အာဏာသိမ်းခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အာဏာ(၃)ရပ်ကို ချုပ်ကိုင်သူ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ (၂)ရက်နေ့မှစတင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေမှာ အစည်းအဝေးပွဲတစ်ခုတွင်သာ တွေ့ခဲ့ရပြီး လူမြင်ကွင်းမှ ပျောက်သွားခဲ့သည်။ နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်းအလုံးစုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဆောင်ရွက်ခဲ့သည်။[၃၃]အာဏာသိမ်းခြင်းအတွက် အချို့နိုင်ငံများမှ စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး အချို့နိုင်ငံများက ဖမ်းဆီးထားသူများကို လွှတ်ပေးရန် ပြောကြားခဲ့သည်။ မြန်မာပြည်အရေးနှင့် အာဆီယံခေါင်းဆောင်များအကြား အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့ရာ ထိုပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ဤသည်မှာ အာဏာသိမ်းပိုက်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပထမဆုံးသော ပြည်ပခရီးစဉ်ဖြစ်သည်။[၃၄]

 
၂၀၂၁ ဧပြီ ၂၄ရက်​နေ့တွင် ကျင်းပသော အာဆီယံခေါင်းဆောင်များ အစည်းအဝေး

၂၀၂၁ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် အိမ်စောင့်အစိုးရအဖြစ် ပြောင်း၍ဖွဲ့စည်းခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ကိုပါ ပူးတွဲရယူခဲ့သည်။[၃၅] အိမ်စောင့်အစိုးရအနေဖြင့် ၂၀၂၃ခုနှစ် ဩဂုတ်လအထိ တာဝန်ယူမည်ဖြစ်ပြီး ၂၀၂၃ခုနှစ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။[၃၅]၂၀၂၁ခုနှစ် စက်တင်ဘာလအထိ ဗိုလ်ချုပ်မှူးကြီးဦးဆောင်သော အိမ်စောင့်အစိုးရနှင့် ပြိုင်ဘက်ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရတို့သည် နိုင်ငံတကာ မျက်နှာစာတွင် အသိအမှတ်ပြုခံရရေး ကြိုးစားခဲ့ရသည်။။[၃၆]

လက်ရှိတွင် အမျိုးသားညီညွတ်ရေး အစိုးရ ကိုမူ ပြင်သစ်နိုင်ငံ၊ ချက်နိုင်ငံ၊တောင်ကိုရီးယားနိုင်ငံ၊ ဥရောပသမဂ္ဂ စသည်တို့က မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုထားပြီး မင်းအောင်လှိုင်၏ အိမ်စောင့်အစိုးရ ကို တရားဝင်အစိုးရဟု မည်သည့်နိုင်ငံကမျှ အသိအမှတ်ပြု ထုတ်ဖော်ပြာဆိုထားခြင်းမရှိပေ။

 
၂၀၂၁ခုနှစ် ဇွန်လအတွင်းက ရုရှားနိုင်ငံခရီးစဉ်တွင် ​တွေ့ရစဉ်

လူမျိုးတုန်း သတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မင်းအောင်လှိုင်၏ တပ်မတော်သားများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်က အရပ်သားများကို တမင်တကာ ပစ်မှတ်ထားခဲ့ကြကြောင်း၊ ရိုဟင်ဂျာအမျိုးသမီးများကို အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အရပ်သားများကိုပစ်ခတ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးရှို့ကြောင်း အစီရင်ခံ သတင်းထုတ်ပြန်ခဲ့သည်။[၃၇] သူသည် ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုန်းရှင်းလင်းခြင်းအတွက် စွပ်စွဲခံနေရသည်။[၃၈] အဆိုပါလုပ်ရပ်များသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်သည်။[၃၉]

၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က မင်းအောင်လှိုင်နှင့် အခြားသော စစ်ဗိုလ်ချုပ်များသည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပြုလုပ်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအတွက် အဓိက တာဝန်ရှိသူများဟု ဆုံးဖြတ်ခဲ့သည်။[၄၀] မင်းအောင်လှိုင်နှင့် တကွ အခြားစစ်ဗိုလ်ချုပ်များဖြစ်သည့် စိုးဝင်း၊ အောင်ကျော်ဇော၊ မောင်မောင်စိုးနှင့် သန်းဦးတို့အား စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးတို့တွင် တရားစွဲဆိုသင့်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားခဲ့သည်။[၄၀]

မြန်မာနိုင်ငံတွင်း လူမျိုးရေးနှင့် ဘာသာရေး အမုန်းတရားများ ပြန့်ပွားမှုကို ကာကွယ်ရန်အတွက်ဟုဆိုကာ ဖေ့စ်ဘွတ်ခ်က မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ဖေ့စ်ဘွတ်စာမျက်နှာ ၁၉ ခုကို ဖယ်ရှားခဲ့သည်။[၄၁][၄၂] ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်တွင် တွစ်တာမှလည်း မင်းအောင်လှိုင်ကို ဖယ်ရှားခဲ့သည်။[၄၃]

၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရခိုင်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦးကျော်ဇောဦးက ရခိုင်ပြည်နယ်တွင်း တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပြည်သူလူထုနှင့် ယဉ်ကျေးမှုအမွေအနှစ်များအား ထိခိုက်နစ်နာစေကြောင်း အိတ်ဖွင့်ပေးစာကို မင်းအောင်လှိုင်ထံ ပေးပို့ခဲ့သည်။[၄၄][၄၅]

အမေရိကန်ပြည်ထောင်စုက မင်းအောင်လှိုင်အား ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ သူ့အား အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ပိတ်ပင်ခဲ့သည်။[၄၆][၄၆][၄၇]

အကျင့်ပျက်ခြစားမှုများ

မင်းအောင်လှိုင်သည် တပ်မတော်ပိုင် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် (MEHL)တွင် ရှယ်ယာအများစု ပိုင်ဆိုင်သူတစ်ဦး ဖြစ်သည်။ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ရှယ်ယာ ၅၀၀၀ ပိုင်ဆိုင်ခဲ့ပြီး နှစ်စဉ်အမြတ်ဝေစုအနေဖြင့် ဒေါ်လာ နှစ်သိန်းခွဲ ရရှိခဲ့သည်။[၄၈] သူသည် MEHL ၏ နာယက အဖွဲ့ဝင်လည်း ဖြစ်သည်။[၄၉]

မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံသည် Sky One ဆောက်လုပ်ရေးကုမ္ပဏီနှင့် အောင်မြင့်မိုမင်းအာမခံ ကုမ္ပဏီအပါအဝင် ကုမ္ပဏီများစွာ ပိုင်ဆိုင်ထားသည်။[၅၀] အောင်ပြည့်စုံသည် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော မိုင်တဲလ် မြန်မာတွင်လည်း ရှယ်ယာများစွာ ပါဝင်ထားသည်။[၅၀] တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူပြီးနောက် ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် စားသောက်ဆိုင်နှင့် အနုပညာပြခန်းအတွက် နှစ် ၃၀ မြေငှားရမ်းခြင်းကို ဈေးကွက်ပေါက်ဈေးထက် လျော့နည်းသော နှုန်းထားဖြင့် သားဖြစ်သူ အောင်ပြည့်စုံက ရရှိခဲ့သည်။[၅၁] ဆေးနှင့် ဆေးပစ္စည်းများအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ခွင့်ပြုချက်နှင့် အခွန်ကိစ္စရပ်များကို ဝန်ဆောင်မှုပေးသော A&M Mahar ကုမ္ပဏီသည်လည်း အောင်ပြည့်စုံပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်သည်။[၅၂] အခွန်ဌာနကို MEHL ၏ ဒါရိုက်တာဟောင်းဖြစ်သူ ဦးကျော်ထင်က ဦးဆောင်သည်။[၅၂]

၂၀၁၇ ခုနှစ်တွင် သမီးဖြစ်သူ ခင်သီရိသက်မွန်သည် သတ္တမမြောက်အာရုံ ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့သည်။[၅၃] ထိုနှစ်မှာပင် ချွေးမဖြစ်သူ မျိုးရတနာထိုက်က Stellar Seven Entertainment အမည်ရှိ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။[၅၃]

ထမ်းဆောင်ခဲ့သော စစ်ဖက်ဆိုင်ရာတာဝန်များ

ခုနှစ် နေရာ ရာထူး တာဝန်
၁၉၉၈ အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး စစ်ဦးစီးအရာရှိ (ပထမတန်း)
၁၉၉၉ အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ် ဗိုလ်မှူးကြီး နည်းဗျူဟာမှူး
၂၀၀၂ အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ် ဗိုလ်မှူးချုပ် တပ်မမှူး
၂၀၀၃ ဩဂုတ် စစ်တက္ကသိုလ် ဗိုလ်မှူးချုပ် ကျောင်းအုပ်ကြီး
၂၀၀၄ နိုဝင်ဘာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် တိုင်းမှူး
၂၀၀၆ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် တိုင်းမှူး
၂၀၀၇ ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ် အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး
၂၀၀၈ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး
၂၀၁၀ ဩဂုတ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ ရေ/ လေ)
၂၀၁၁ မတ် ဗိုလ်ချုပ်ကြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
၂၀၁၂ ဧပြီ ၃ ဒုတိယဗိုလ်ချုပ်မှူးကြီး
၂၀၁၃ မတ် ဗိုလ်ချုပ်မှူးကြီး

ကိုးကား

  1. "Myanmar forms caretaker government: State Administration Council"။ 
  2. "Myanmar army ruler takes prime minister role, again pledges elections"။ 
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (2 February 2021)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
  4. သီတဂူဆရာတော် ရေစက်ချအနုမောဒနာတရားဟောကြားချီးမြှင့်ခြင်း (၂၅ ဇန်နဝါရီ ၂၀၂၀)။ ၂၃ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းဖြေကြားမှုများကို Politic မဂ္ဂဇင်း၌ ထည့်သွင်းဖော်ပြ (၇ ဩဂုတ် ၂၀၂၀)။ ၂၃ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းခံယူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (04-01-2023)။ 10-01-2023 တွင် ပြန်စစ်ပြီး။
  7. နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားMRTV (04-01-2023)။ 10-01-2023 တွင် ပြန်စစ်ပြီး။
  8. http://www.burmalibrary.org/docs5/Myanmar_Constitution-2008-en.pdf
  9. https://www.irrawaddy.com/news/burma/min-aung-hlaing-appointed-vice-senior-general.html
  10. "China, Russia, India enabling Myanmar’s military rule: Report"၊ Al Jazeera၊ 2 November 2022။ 
  11. "Myanmar warns ASEAN that pressure would be counterproductive"၊ Al Jazeera၊ 28 October 2022။ 
  12. "Myanmar Ranked Second-Least Democratic Nation in World"၊ The Irrawaddy၊ 10 February 2022။ 
  13. Min Aung HlaingTIME (13 April 2023)။ 16 April 2023 တွင် ပြန်စစ်ပြီး။ “Min Aung Hlaing has returned Myanmar to a pariah state and made it the world’s second most authoritarian regime, per the Economist Intelligence Unit’s 2022 Democracy Index. Only Taliban-ruled Afghanistan ranked worse.”
  14. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်း။ 24 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 June 2021 တွင် ပြန်စစ်ပြီး။
  15. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် Popular News အင်တာဗျူးPopular News Journal (၃ နိုဝင်ဘာ ၂၀၂၀)။ ၁၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  16. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၁)
  17. Could Min Aung Hlaing's retirement break the political deadlock? (in en-US) (12 January 2021)။
  18. အစိုးရသစ်ကို အာဏာလွှဲအပ် လိုက်ပြီ
  19. မြန်မာ့အလင်းသတင်းစာ (၂၈.၃.၂၀၁၂)
  20. မြန်မာ့အလင်းသတင်းစာ (၃.၄.၂၀၁၂)
  21. David Paquette, "Min Aung Hlaing Appointed Vice-Senior General" Archived 24 July 2015 at the Wayback Machine., The Irrawaddy, 3 April 2012.
  22. ​ကြေးမုံသတင်းစာ (၂၅.၃.၂၀၁၃)
  23. ​ကြေးမုံသတင်းစာ (၂၈.၃.၂၀၁၃)
  24. ၂၄.၀ ၂၄.၁ ၂၄.၂ What next for Senior General Min Aung Hlaing?
  25. တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ အသက် ၆၅ နှစ်ထိ တာဝန်ထမ်းနိုင်ပြီး စစ်အရာရှိများ၏ တာဝန် သက်တမ်း ကန့်သတ်ဟုဆို
  26. ၂၆.၀ ၂၆.၁ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ မယူ
  27. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လမ်းကို ရွေးချယ်မလဲ
  28. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား
  29. ၂၉.၀ ၂၉.၁ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယသမ္မတအဆင့်ရှိသူဟု တပ်မတော်ထုတ်ပြန်။ 13 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2021 တွင် ပြန်စစ်ပြီး။
  30. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်-"အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်"
  31. ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဆန္ဒအစစ်အမှန် ဘာဖြစ်မလဲ
  32. ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့တဲ့စာ
  33. "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကစားပွဲ"။ 
  34. "Asean leaders agree 5-point plan for Myanmar"။ 
  35. ၃၅.၀ ၃၅.၁ "အိမ်စောင့်အစိုးရပြောင်းတာ ဘာထူးခြားသွားလဲ"။ 
  36. "ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု ဘယ်သူဖြစ်လာမလဲ"။ 
  37. Section၊ United Nations News Service (20 June 2016)။ UN News – Myanmar must address 'serious' human rights violations against minorities – UN rights chief (in en)။ 12 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 October 2017 တွင် ပြန်စစ်ပြီး။
  38. Farmaner၊ Mark။ "Only One Person Can Stop Ethnic Cleansing In Myanmar, And It Isn't Aung San Suu Kyi"၊ Huffington Post၊ 13 September 2017။ 
  39. "Burma's Military Milestone"၊ Human Rights Watch၊ 30 March 2015။ 
  40. ၄၀.၀ ၄၀.၁ Nebehay၊ Stephanie။ "Myanmar generals had "genocidal intent" against Rohingya, must face justice – UN" (in en)၊ Reuters၊ 27 August 2018။ 
  41. "Facebook bans Myanmar army chief over rights abuses"၊ The Times of India၊ 27 August 2018။ [လင့်ခ်သေ]
  42. "Facebook bans Myanmar Army Chief Min Aung Hlaing, 19 others over rights abuses"၊ News Nation၊ 27 August 2018။ 
  43. Archived copy။ 30 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 May 2020 တွင် ပြန်စစ်ပြီး။
  44. Open Letter to Senior General Min Aung Hlaing from U Kyaw Zaw Oo about damage to cultural heritage, fatalities and casualties incurred by intentional and indiscriminate attacks of Myanma Tatmadaw on non-military targetsKyaw Zaw Oo။ 2019။ 27 December 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး27 December 2020 တွင် ပြန်စစ်ပြီး
  45. သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံများအပါအဝင် စစ်ဖက်ပစ်မှတ်မဟုတ်သည့်နေရာများသို့ တမင်သက်သက် ပစ်ခတ်ကြသဖြင့် သေဆုံးထိခိုက်ကြရသည့်ကိစ္စ အိတ်ဖွင့်ပေးစာKyaw Zaw Oo။ 2019။ 27 December 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး27 December 2020 တွင် ပြန်စစ်ပြီး
  46. ၄၆.၀ ၄၆.၁ US Tightens Sanctions on Myanmar Army Chief (in en)။ 8 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  47. Treasury Sanctions Individuals for Roles in Atrocities and Other Abuses။ 7 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  48. Leaked documents reveal global business links to Myanmar military crimes (in en)။ 8 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  49. Systemic Conflict of Interest in Myanmar Military Allows for Serious Corruption (17 June 2020)။ 26 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  50. ၅၀.၀ ၅၀.၁ တပ်ချုပ်သားပိုင်ကုမ္ပဏီများကို အရေးယူရန် ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ တောင်းဆို (in my)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  51. Military Chief's Son Paid 'Very Low' Rent for His Upscale Restaurant on Government-Owned Land (in en)။ 17 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  52. ၅၂.၀ ၅၂.၁ Dirty Secrets #2: Sr. Gen. Min Aung Hlaing's family profiting off of FDA and Customs clearances။ 26 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  53. ၅၃.၀ ၅၃.၁ Military Chief's Family Members Spend Big on Blockbuster Movies, Beauty Pageants (in en)။ 15 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။