မုခ်ဝ:မြန်မာနိုင်ငံ
မြန်မာနိုင်ငံ(အင်္ဂလိပ်: Myanmar)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်(အင်္ဂလိပ်: Republic of the Union of Myanmar)သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)
ရွေးချယ်ထားသော ဆောင်းပါးများ - load new batch
-
Image 1
မြန်မာဘုရင့်တပ်မတော်သည် ၉ရာစုမှ ၁၉ရာစုအထိတိုင်အောင် အရှေ့တောင်အာရှတွင် အင်အားအလွန်ကြီးမားသော တပ်မတော်အဖြစ်တည်ရှိခဲ့ပါသည်။ ၁၉ရာစုတွင် ဗြိတိသျှတို့သည် ကျူးကျော်စစ်သုံးကြိမ်ခင်း၍ မြန်မာဘုရင့်တပ်မတော်ကို နှစ်ပေါင်း၆၀ကျော် ကြာအောင်တိုက်ခိုက်ဖျက်စီးခဲ့သည်။ မြန်မာဘုရင့်တပ်မတော် ဆိုသည်မှာ သရေခေတ္တယာအင်ပါယာ၊ ပုဂံအင်ပါယာ၊ တောင်ငူအင်ပါယာ၊ ညောင်ရမ်းအင်ပါယာ၊ ကုန်းဘောင်အင်ပါယာ၊ မြင်စိုင်းနိုင်ငံ၊ ပင်းယနိုင်ငံ၊ စစ်ကိုင်းနိုင်ငံ၊ အင်းဝနိုင်ငံ၊ မက္ခရာနိုင်ငံ၊ ဟံသာဝတီတိုင်းပြည်၊ သထုံတိုင်းပြည်၊ မြောက်ဦးတိုင်းပြည်၊ တိုင်ရှမ်းတိုင်းပြည်၊ လေးမြို့တိုင်းပြည် တို့၏ တပ်မတော် ကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
စစ်တပ်ကို မြို့တော်နှင့် နန်းတော်ကို ကာကွယ်သည့် ထောင်ဂဏန်းရှိသော သေးငယ်သော တပ်ငယ်တစ်ခုအဖြစ် ဖွဲ့စည်းထားပြီး ပိုမိုကြီးမားသော စစ်မှုထမ်းအခြေပြု စစ်အတွင်း စစ်တပ်တစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ စစ်မှုထမ်းစဉ်ကာလတွင် လူဦးရေအပေါ်အခြေခံ၍ ၎င်းတို့၏တရားစီရင်ပိုင်ခွင့်မှ ကြိုတင်သတ်မှတ်ထားသော လူများကို ၎င်းတို့၏တရားစီရင်ပိုင်ခွင့်ခွဲတမ်းကို ထောက်ပံ့ပေးရန် ဒေသတွင်းအကြီးအကဲများ လိုအပ်သည့် အမူထမ်း စနစ်အပေါ် အခြေခံထားသည်။ စစ်အတွင်း စစ်တပ်တွင် ဆင်တပ်၊ မြင်းတပ်၊ အမြောက်တပ် နှင့် ရေတပ်များ ပါဝင်သည်။ (Full article...) -
Image 2အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်(ခ)NLD ပါတီ)မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အင်အားကြီး နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် National League for Democracy - NLDဟု လူသိများသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေး သဘောတရား (political ideology)မှာ လစ်ဘရယ်ဝါဒ (သို့မဟုတ်) လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။ လက်ရှိတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဟာသရေစည်သူ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ သီရိပျံချီ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ သူရ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။ (Full article...) -
Image 3
ရန်ကုန်မြို့ပတ်ရထားသည် ရန်ကုန်မြို့ပြဧရိယာအတွင်း ပုံမှန်အလုပ်ဆင်းသူများအတွက် အားထားရာ မြို့တွင်းရထားလမ်းကွန်ယက်တစ်ခုဖြစ်သည်။ မြန်မာ့ မီးရထား၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေပြီး ၄၅.၉-ကီလိုမီတာ (၂၈.၅-မိုင်) ရှည်လျားကာ ၃၉ ဘူတာပါဝင်ပြီး ရန်ကုန်မြို့ဝန်းကျင် မြို့နယ်များကို ရန်ကုန်မြို့ပြဧရိယာနှင့် ဆက်သွယ်ပေးထားသည်။ မြို့ပတ်ရထားသည် အကြိမ် ၂၀ ခန့်ပြေးဆွဲပြီး လက်မှတ် ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ခန့် နေ့စဉ်ရောင်းချရသည်။ မြို့ပတ်ရထား တစ်ပတ်ပြည့်စီးနင်းနိုင်ရန် အချိန် ၃ နာရီမျှ ကြာမြင့်ပြီး မြို့ပတ်ရထားစီးနင်းခြင်းဟာ ရန်ကုန်မြို့လူနေမှုဘဝကို အထင်းသားမြင်တွေ့နိုင်မည် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားကို ဝင်ငွေနည်းသူ စီးနင်းသူများ သိပ်သည်းစွာ အသုံးပြုနေဆဲဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘတ်စ်ကားများနှင့် နှိုင်းယှဉ်လျှင် မြို့ပတ်ရထားသည် ရန်ကုန်မြို့ ပို့ဆောင်ဆက်သွယ်ရေးတွင် ဈေးအချိုဆုံး သယ်ယူပို့ဆောင်ရေး ဖြစ်သည်။
မြို့ပတ်ရထားပြေးဆွဲချိန်သည် နေ့စဉ် မနက် ၃ နာရီ ၄၅ မိနစ်မှ ည ၁၀ နာရီ ၁၅ မိနစ်အထိ ဖြစ်သည်။ မြို့ပတ်ရထားလတ်မှတ်တန်ဖိုးမှ ၁၅ မိုင်အတွင်း အကွာအဝေးကို ၂၀၀ ကျပ် (~eighteen US cents)နှင့် ၁၅ မိုင်အထက်အကွာအဝေးကို ၄၀၀ ကျပ် (~37 US cents) ကျသင့်သည်။ရထားလက်မှတ်များကို ပုံသေ ၁၀၀ ကျပ်ဖြင့် မြို့ပတ်ရထားလမ်းရှိ ဘူတာများအားလုံးတွင် ရောင်းချပေးသည်။ ရန်ကုန်ဘူတာကြီးတွင် စင်္ကြန်အမှတ် ၇ ရှိ စင်္ကြန်ပေါ်၌ လက်မှတ်ရောင်းသော ရုံငယ်တစ်ခု တည်ရှိပြီး အဆိုပါဘူတာရုံမှ မြို့ပတ်ရထားအတွက် လတ်မှတ်များကို ရောင်းချပေးသည်။ (Full article...) -
Image 4
ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသား အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ၁၉၉၁ ခုနှစ်၏ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်သည့်အပြင်၊ သံတမန် နှင့် အမျိုးသမီးစာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။ သူမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လည်း ဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာအား သိမ်းပိုက်ပြီးနောက် သူမအား တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည့်အပြင် ပို့ကုန်သွင်းကုန်ဆိုင်ရာ ဥပဒေ၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်မှု အက်ဥပဒေတို့ဖြင့် တရားစွဲဆိုထားသည်။
သူမသည် ပြီးခဲ့သည့် နှစ် ၂၁ အတွင်း ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခွင့် ရှိခဲ့သော်လည်း စစ်အစိုးရမှ ထိုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပေ။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကိုယ်စားလှယ်အမတ်ဖြစ်လာသည်။ (Full article...) -
Image 5
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။ (Full article...) -
Image 6ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့အစည်းမှ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သစ်တော ၁၉ ရာခိုင်နှုန်း ၇၄၄၅၀၀၀ ဟတ်တာ (၂၈၇၅၀ စတုရန်းမိုင်) ဆုံးရှုံးခဲ့သည်။ လွတ်လပ်ရေးရပြီးချိန်တွင် သစ်တောလွှမ်းခြုံမှု ပမာဏ ၇၀ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်အရ ၄၈ ရာခိုင်နှုန်းမျှသာ ရှိတော့သည်။ မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှု နှစ်စဉ် ၀.၉၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၀.၃ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့သော်လည်း အရေးကြီးသော ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ သစ်တောပြုန်းတီးရခြင်း၏ အဓိကအချက်များမှာ တရားမဝင် သစ်ခုတ်ခြင်း၊ မြေယာကိစ္စ ပြဿနာဖြစ်ခြင်းနှင့် တိုးပွားလာသော စိုက်ပျိုးမွေးမြူရေးတို့ကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အပူပိုင်းသစ်တော အကြီးမားဆုံး ပိုင်ဆိုင်ထားပြီး သမပိုင်း သစ်တောထက် ပိုမိုကြီးမားသည်။ ၂၀၁၀ ခုနှစ်အရ မြန်မာနိုင်ငံတွင် ကာဗွန် မက်ထရစ်တန်ချိန် သိန်းပေါင်း ၁၆၅၄ နှင့်ညီမျှသော သစ်တော biomass ကို ပိုင်ဆိုင်ထားပြီး နိုင်ငံတွင် တွေ့ရလေ့ရှိသော မျိုးစိတ်ပေါင်း ၈၀ ကျော်တို့၏ နားခိုရာဖြစ်သည်။ ဇီဝမျိုးကွဲနှင့် သစ်တော အရွယ်အစား မည်မျှပင်ရှိစေကာမူ ကုန်းမြေ၏ ၆.၃ ရာခိုင်နှုန်းကိုသာ ကာကွယ်ပေးထားပြီး သစ်တောပြုန်းတီးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ (Full article...) -
Image 7
ဧရာဝတီမြစ် (အင်္ဂလိပ်: Ayeyarwaddy, Irrawaddy) သည် မြန်မာပြည်မြောက်ဖျားမှ တောင်ပိုင်းသို့ စီးဆင်းသော မြစ်ကြီးဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည်ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးလည်းဖြစ်သည်။ အင်န်မိုင်ခ(မေခ)နှင့် မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော ဧရာဝတီမြစ်သည် အကြမ်းအားဖြင့် မြောက်မှတောင်သို့ အဖြောင့်နီးပါး သွယ်တန်းလျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသမှတဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ရေဆင်းဧရိယာ ၄၁၃,၀၀၀ စတုရန်းကီလိုမီတာရှိသည်။
အေဒီ (၆) ရာစုလောက်ကတည်းကပင် ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသောရေလမ်းတစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများ တည်ဆောက်ပြီး စိုက်ပျိုးရေးအတွက် အကျိုးရှိအောင် ပြုလုပ်ခဲ့သည်။ ယနေ့ခေတ်တွင်လည်း အသက်တမျှ အရေးပါနေဆဲ ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါးစိုက်ပျိုးရေးတွင် နာမည်ကြီးသောဒေသ ဖြစ်သည်။ ဧရာဝတီမြစ်၏ အထူးခြားဆုံးသော အရာမှာ မြစ်ညာဘက် ပိုင်း (မြစ်အထက်ပိုင်း)တွင် ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်ခြင်း ဖြစ်သည်။ ယခုအခါ ရှားပါးသတ္တဝါဖြစ်သော ဧရာဝတီလင်းပိုင်ကို စောင့်ရှောက်ထိန်းသိမ်းရန် နှိုးဆော်လျက်ရှိသည်။ (Full article...) -
Image 8မြန်မာနိုင်ငံ သည် ကိုးကွယ်မှုပေါင်းစုံရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အစိုးရသည် ထေရဝါဒ ဗုဒ္ဓဘာသာကို ပိုမိုအလေးပေးသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဗုဒ္ဓဘာသာသည် အဓိက ဘာသာရေးဖြစ်ပြီး လူဦးရေ၏ ၈၈% ကိုးကွယ်ကြသည်။ ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်နှင့် တရုတ်လူမျိုးများသည် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။ ဗမာလူမျိုးများသည် ဗုဒ္ဓဘာသာအောက်တွင် ရိုးရာယုံကြည်မှုကိုလည်း ကိုးကွယ်ကြသည်။ အခြေခံဥပဒေသစ်တွင် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပြဋ္ဌာန်းထားသော်လည်း ယင်းလွတ်လပ်ခွင့်ကို ချုပ်ထိန်းနိုင်စေရန် ခြွင်းချက်များ ရှိနေသည်။ လူနည်းစု မျိုးနွယ်စုများသည် ခရစ်ယာန်ဘာသာ (၆.၂%၊ အထူးသဖြင့် ချင်းလူမျိုးချင်း၊ ကချင်လူမျိုးကချင်၊နှင့် ကရင်လူမျိုးကရင်)၊ အစ္စလာမ်ဘာသာ (၄.၃%၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ကမန် ၊ ရိုဟင်ဂျာ ၊ဘင်္ဂလီ ၊ အိန္ဒိယနွယ်ဖွားများနှင့် လူနည်းစု)၊ နှင့် ဟိန္ဒူဘာသာ (၀.၅%၊ အထူးသဖြင့် မြန်မာအိန္ဒိယနွယ်ဖွားများ) တို့ကို ကိုးကွယ်ကြသည်။
နတ်ကိုးကွယ်မှုသည် မြန်မာနိုင်ငံတွင် တွေ့နေကျ ဖြစ်သည်။ နတ်များကို နိုင်ငံတစ်ဝန်းတွင် သီးသန့် သို့မဟုတ် ဗုဒ္ဓဘာသာကျောင်းကန်များနှင့် တွဲလျက် တွေ့ရသည်။ နတ်ကိုးကွယ်မှုသည် မြန်မာဗုဒ္ဓဘာသာများအကြား ဆက်နွယ်နေပြီး အသိအမှတ်ပြုထားသော နတ် ၃၇ ပါး ရှိသည်။ (Full article...) -
Image 9စစ်နှင့်ဆိုင်သော ရှေးအစဉ်အဆက် မြန်မာစာပေများ တွင် 'စစ်အင်္ဂါလေးပါး'ကို အခြေတည်၍ အမြဲဆိုလေ့ရှိသည်။ စစ်အင်္ဂါလေးပါးဟူသော်ကား 'ဆင်လည်းတစ်ပါး၊ မြင်းလည်း တစ်ပါး၊ ရထားလည်း တစ်ပါး၊ ခြေသည်လည်း တစ်ပါး' ဖြစ် သည်။ ထို စစ်အင်္ဂါလေးပါးကိုပင် 'သေနင်္ဂ'ဟူ၍လည်း ခေါ် သေးသည်။ သို့ရာတွင် ထို စစ်အင်္ဂါလေးပါးမှာ ပါဠိကျမ်းများ၊ သက္ကတကျမ်းများကို မှီး၍ ဆိုခြင်းမျှသာ ဖြစ်သည်။ ထို စစ်အင်္ဂါလေးပါးအနက် 'ရထား'မှာ ရှေးနှစ်ပေါင်း ၃ဝဝဝ ခန့်ကဖြစ်သော မဟာဘာရတ ကျမ်းကြီးတွင် ဘာရတညီနောင် စစ်ထိုးခန်း စသည်တို့၌ ပါရှိသော်လည်း မြန်မာ့သမိုင်း တစ်လျှောက်၌ 'ရထားတပ်'ဟူ၍ မရှိခဲ့။ တဖန် ပါဠိကျမ်း များ၊ သက္ကတကျမ်းများ၌ 'လှေသင်္ဘောတပ်'(ရေတပ်) ပါရှိစမြဲ ဖြစ်သည်။ ထို့ကြောင့် စစ်တပ်ဖွဲ့ပုံ၊ စစ်ချီပုံ၊ ခံမြို့တည်ပုံ စသည်တို့၌ မြန်မာစစ်ကျမ်းများက ပါဠိကျမ်းများ၊ သက္ကတ ကျမ်းများကို မှီး၍ ဆိုကြသော်လည်း ရေမြေဒေသ ခေတ် ကာလအလျှောက် လက်တွေ့ မြန်မာနည်းများကို တီထွင် ကျင့်သုံးခဲ့ကြကြောင်းဖြင့် သိရသည်။
ဤတွင် မြန်မာရာဇဝင်များ၌ ဖော်ပြထားသော တကောင်းခေတ်၊ သရေခေတ္တရာခေတ်နှင့် ပုဂံပြည် အနော် ရထာမင်းစော လက်ထက် မရောက်မီသော ခေတ်များပ မြန်မာတို့၏ စစ်ဓလေ့ထုံးစံများ မည်သို့ မည်ပုံ ရှိခဲ့ကြ သည်ကိုမူ ကောင်းစွာ မသိရ။ အနော်ရထာမင်းစော လက်ထက်လောက်မှစ၍သာ နည်းနည်းချင်း သိလာရ တော့သည်။ (Full article...) -
Image 10
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမြေမကြီး၏ အနောက်မြောက်ဘက် အကျဆုံးသော နိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအနီး သင်္ဘောကြီးများ သွားလာရာ စီးပွားရေးအချက်အချာကျသည့် နေရာတွင် တည်ရှိသည်။ (Full article...)
ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ
ဓာတ်ပုံများ - load new batch
အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။
-
Image 1နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် (from မြန်မာ့သမိုင်း)
-
Image 2ပုဂံမှ ယွန်းထည်များ (from မြန်မာ့ယဉ်ကျေးမှု)
အဓိက ခေါင်းစဉ်များ
ကဏ္ဍများ
ကဏ္ဍခွဲများကို ကြည့်ရှုရန် [►] ကို ရွေးချယ်ပါ
နောက်ထပ် ခေါင်းစဉ်များ
|
|
ဝီကီမီဒီယာ
အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။
-
ကွန်မွန်းစ်
အခမဲ့ မီဒီယာ တည်ရာ -
ဝီကီစာအုပ်
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ -
ဝီကီဒေတာ
အခမဲ့ အသိပညာ ဗဟို -
ဝီကီသတင်း
အခမဲ့ သတင်းများ -
ဝီကီကိုးကား
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ -
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက် -
ဝီကီဗာစတီ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ -
ဝီကီခရီးသွား
အခမဲ့ ခရီးသွားလမ်းညွှန် -
ဝစ်ရှင်နရီ
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း